A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘာသာရေးဆရာ ဓားဖြင့် ခုတ်သတ်ခံရ (ရုပ်သံ)

ဘင်္ဂလားဒေ့ရှ်မှာ ဇူလိုင် ၁ ရက်နေ့က ဟိန္ဒူ ဘာသာရေးဆရာတယောက် ဘုရားကျောင်းအပြင်ဘက်မှာ အသတ်ခံလိုက်ရတယ်လို့ ရဲအဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။ အသက် ၄၅ နှစ်အရွယ် ဘာသာရေးဆရာကို ဒါကာမြို့ရဲ့ အနောက်ပိုင်းက ၁၈၈ မိုင် အကွာမှာရှိတဲ့ ဂျီနိုင်ဒါမြို့နယ်ထဲက ဟိန္ဒူ ဘုရားကျောင်းအပြင်ဘက်မှာ သတ်ဖြတ်သွားတာပါ။ မွတ်စလင် လူဦးရေ လွှမ်းမိုးတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒီလပိုင်းတွေအတွင်းမှာ အသဘောထား လွတ်လပ်သူတွေ၊ မွတ်စလင် မဟုတ်တဲ့ တခြား ဘာသာဝင်တွေ မကြာခဏ အသတ်ခံနေရတာပါ။ အခု သတ်ဖြတ်မှုရဲ့  နောက်ကွယ်က အကြောင်းကို စုံစမ်းဆဲပဲလို့ ရဲအဖွဲ့က ပြောပါတယ်။ မျက်မြင်တယောက်ကတော့ မနက်ပိုင်းမှာ ဘုရားကျောင်းရှေ့ကို လူသုံးယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီး ဘာသာရေးဆရာက ထွက်လာတဲ့အခါမှာ ဓားနဲ့ ခုတ်သွားတာလို့ ဆိုပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး မာဘူဘာ ရာမန်က ဒီလို တိုက်ခိုက်တဲ့ပုံစံမျိုးကို အရင်က ဒေသခံ စစ်သွေးကြွတွေ လုပ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အခုနောက်ပိုင်း ပေါ်ပေါက်နေတဲ့ ဒီလို သတ်ဖြတ်မှုတွေကို အစ္စလာမ္မစ် နိုင်ငံအမည်ခံ အိုင်အက်စ်အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပေမယ့် အစိုးရ ကိုယ်တိုင်ကတော့ ဘင်္ဂလားဒေ့ရှ်မှာ အိုင်အက်စ်အဖွဲ့က လှုပ်ရှားနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက အစွန်းရောက်သမားတွေက ကျူးလွန်နေတာလို့ အစိုးရက ယူဆနေပါတယ်။ ရုပ်သံ - aljazeera

A d v e r t i s e m e n t With Us

More News
Up