A d v e r t i s e m e n t With Us

ရွိင်ရန်ဂစ်စ် မန်ယူနှင့် လမ်းခွဲပြီ

ရွိင်ရန်ဂစ်စ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ၂၉ နှစ်ကြာ တာဝန်ယူလာတာကို စွန့်ခွာဖို့ သဘောတူညီချက် ရသွားပါတယ်။ မန်ယူက လာမယ့် ရက်တွေအတွင်းမှာ တရားဝင်စာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ အသက် ၄၂ နှစ်အရွယ် မန်ယူကစားသမားဟောင်း ဂစ်စ်ဟာ အသင်းမှာ လက်ထောက် မန်နေဂျာအဖြစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်နေပါတယ်။ ဒါပေမယ့်လည်း နည်းပြသစ် မော်ရင်ဟိုက တခြား တယောက်ကို ခန့်လိုတဲ့အတွက် လမ်းခွဲလိုက်တာပါ။ ဂစ်စ်ဟာ မန်ယူ ကစားသမားဘ၀ သက်တမ်းအတွင်း ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ် အသီးသီး ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up