A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ် သံတမန်ရပ်ကွက် စားသောက်ဆိုင် သေနတ်သမားများ ၀င်စီး

Bangladesh Border Guards are seen near Gulshan restaurant, after gunmen stormed a restaurant popular with expatriates in the diplomatic quarter of the Bangladeshi capital, in Dhaka, Bangladesh July 1, 2016. Courtesy of Dhaka Tribune/Mahmud Hossain Opu via REUTERS
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက သံတမန်ရက်ကွက်မှာရှိတဲ့ စားသောက်ဆိုင်တဆိုင်ကို သေနတ်သမားတွေက တိုက်ခိုက်ပြီး တချို့ကို ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အဖမ်းခံရသူတွေ အတော်များများ နိုင်ငံခြားသားတွေပါ။ ဇူလိုင် ၁ ရက်နေ့ည ၉ နာရီ ၂၀ မှာ သေနတ်သမားတွေက စားသောက်ဆိုင်ကို တိုက်ခိုက်ပြီး ၀င်စီးခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ ဟိုလေး အာတီစန် Holey Artisan  စားသောက်ဆိုင်ကို တိုက်ခိုက်တဲ့ သေနတ်သမား ၈ ယောက်လောက်အထိ ရှိနိုင်တယ်လို့ ရဲအထူးတပ်ဖွဲ့က ဘန်ဂျာ အန်းက ပြောပါတယ်။ သေနတ်သမားတွေနဲ့ ရဲတွေကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲ ၂ ဦး သေဆုံးပြီး၊ နောက်ထပ် လူ ၃၀ လောက် ဒဏ်ရာတယ်လို့ ပြောပါတယ်။ လူ ၂၀ လောက်ကို စားသောက်ဆိုင်ထဲမှာ သေနတ်သမားတွေက ဓားစားခံအနေနဲ့ ဖမ်းထားတယ်လို့ စီအန်အန် သတင်းက ဆိုပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့နဲ့ ဆက်စပ်နေတဲ့ အာမက် Amaq သတင်းဌာနက တိုက်ခိုက်မှုဟာ အိုင်အက်စ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ကြေညာပါတယ်။ ဓားစားခံတွေကို ပြန်လွှတ်ပေးဖို့ တာဝန်ရှိသူတွေက သေနတ်သမားတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဒါကာက လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up