ဝေးလ်က ဘယ်လ်ဂျီယံကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူပြီး ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

1.7K
ဇူလိုင် ၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၆ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယပွဲစဉ်မှာ ဝေးလ်အသင်းက နာမည်ကြီး ဘယ်လ်ဂျီယံကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ ဦးဆောင်ဂိုးကို ပွဲအစ ၁၃ မိနစ်မှာ ဘယ်လ်ဂျီယံ နိုင်ဂိုလန်က စတင် သွင်းယူပါတယ်။ ဝေးလ်အတွက် ချေပဂိုးကို မိနစ် ၃၀ မှာ ၀ီလျံစ်က ခေါင်းတိုက်ပြီး သွင်းယူပါတယ်။ ချေပဂိုး ရပြီးနောက်ပိုင်းမှာ ဝေးလ်အသင်း ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ ဘယ်ဂျီယံအသင်း ဖိအားပေး ကစားနိုင်ပေမယ့် ဝေးလ်နောက်တန်းက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဝေးလ်အတွက် ဒုတိယဂိုးကို ရော့ဆင်ကာနူးက တဖက်နောက်တန်းသမားတွေ ကြားထဲကနေ သွင်းယူပါတယ်။ ဒီပွဲမှာ ဝေးလ်က တသင်းလုံး နိုင်လိုစိတ် ပြင်းပြင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယန် နောက်တန်းမှာ ဗာမာလန်နဲ့ ဗာတိုဂန်တို့ မပါနိုင်တဲ့အတွက် အားနည်းချက်လို ဖြစ်ခဲ့ပါတယ်။
အပိတ်ဂိုးကို ၈၆ မိနစ်မှာ ဆမ်ဗို့စ်က သွင်းယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် သွားပါတယ်။ ဝေးလ်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက် နိုင်တာပါ။ ဆီမီးဖိုင်နယ်မှာတော့ ဝေးလ်ဟာ ပေါ်တူဂီနဲ့ ဆုံရမှာ ဖြစ်ပါတယ်။