A d v e r t i s e m e n t With Us

ဆေးခြောက်မှောင်ခို မောင်နှမထံမှ ဒေါ်လာ ၂၄ သန်း စံချိန်တင် ဖမ်းဆီးရမိ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု မီယာမီက နေအိမ်တအိမ်ကို ရဲတွေက ၀င်ရောက် စစ်ဆေးရာမှာတော့ ဆေးခြောက် မှောင်ခိုရောင်းချမှုနဲ့ သံသယရှိဖွယ် ဒေါ်လာ ၂၄ သန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဇွန် ၂၈ ရက်က စီးနင်းစဉ် အိမ်ထဲက အမိုးထပ်ခိုးအောက်က ၅ ဂါလန် ပုံးတွေထဲမှာ ရဲဌာနအတွက် စံချိန်တင် သိမ်းဆည်းရမိတဲ့ ငွေတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ မူးယစ်ဆေးဝါး၊ လက်နက်မှုတွေနဲ့ အသက် ၄၄ နှစ်အရွယ် ဟာနန်ဒက် ဂွန်ဇာလက်နဲ့ အသက် ၃၂ နှစ်အရွယ် ညီမဖြစ်သူ ဆာမာ ဟာနန်ဒက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဇွန် ၂၉ ရက်မှာ မောင်နှမ ၂ ဦးကို ရုံးတင်စစ်ဆေးခဲ့ပြီး ညီမ ဆာမာက ပြန်လွတ်လာဖွယ်ရှိတယ်လို့ ရှေ့နေတွေက မျှော်လင့်နေပါတယ်။ မီယာမီမှာ စတိုးဆိုင်ဖွင့်ထားတဲ့ ဟာနန်ဒက်ဇ်ကတော့ ဆေးခြောက် မှောင်ခိုရာမှာ တခြား လူ ၂ ဦးနဲ့ အတူ လုပ်ဆောင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေကြောင့် ၂၀၁၀ ခုနှစ်ကတည်းက ဟာနန်ဒက်ဇ်ကို ပစ်မှတ်ထား စုံစမ်းနေတာ ဖြစ်ပါတယ်။ စတိုးဆိုင်ရဲ့ ၀က်ဘ်ဆိုဒ်မှာတော့ အိမ်တွင်း စိုက်ပျိုးမှုတွေမှာ ကျွမ်းကျင်တယ်လို့ ပြောဆိုထားပါတယ်။ နောက်ပိုင်းမှာ စီးနင်းမှု တစိတ်တပိုင်းအနေနဲ့ စတိုးဆိုင်ကို ၀င်ရောက် စီးနင်းခဲ့ပြီး ဒေါ်လာ ၁ သိန်း ၈ သောင်းနဲ့ မူးယစ်ဆေးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆေးခြောက်ပင်စိုက်ပျိုးရာမှာ ဘယ်လို ပြုစုပျိုးထောင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဟာနန်ဒက်ဇ်က ဖုန်းကနေ အကြံပေးတဲ့ မှတ်တမ်းတွေရှိတယ်လို့လည်း ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့နောက် ဟာနန်ဒက်ဇ်က ဖောက်သည်တွေကို ဆေးခြောက် စိုက်ပျိုးဖို့ ကူညီခဲ့တာကို ၀န်ခံတယ်လို့ ဆိုပါတယ်။ ဆာမာက အစ်ကိုနဲ့ စတိုးမှာ အတူလုပ်တယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up