A d v e r t i s e m e n t With Us

တူရကီလေဆိပ် အသေခံ ဗုံးခွဲမှု သံသယရှိသူ ၃ ဦး ဓာတ်ပုံများ ထွက်ပေါ်

ဇွန် ၂၈ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ် အက်တာတပ်ခ် လေဆိပ် အသေခံ ဗုံးခွဲတိုက်ခိုက်တယ်လို့ သံသယရှိသူ ၃ ဦးရဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ ဓာတ်ပုံတပုံမှာတော့ လူ ၃ ဦး လေဆိပ်ထဲကို လမ်းလျှောက်လာပြီး တဦးကတော့ ကြိုးနဲ့ ပိတ်ထားတဲ့ အိတ်ကို သယ်ဆောင်လာသလို တခြား ၂ ဦးကတော့ ဘေ့စ်ဘော ဦးထုတ်ကို ဆောင်းထားပါတယ်။ AP_istanbul_cctv_grabs_02_jef_160630_4x3_992နောက်ဓာတ်ပုံတပုံမှာတော့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အနီရောင် စက်ဝိုင်းနဲ့ ၀ိုင်းပြထားတဲ့ လူတဦးက လေဆိပ်ကို လမ်းလျှောက်လာပါတယ်။ လေယာဉ် ဆိုက်ရောက်ထွက်ခွာတဲ့ သတင်းအချက်အလက်ကို ကြေညာပေးထားတဲ့ ဆိုင်းဘုတ်ဘေးမှာ သူက ရောက်ရှိနေသလို သူ့လက်ထဲမှာ ကိုင်ထားတဲ့ အရာကို ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုပါတယ်။ တတိယဓာတ်ပုံကတော့ လေဆိပ်အ၀င်မှာ လူတဦး ရပ်နေတာဖြစ်ပြီး အနက်ရောင် အကျီထူနဲ့ အပြာရောင် ဂျင်းဘောင်းဘီကို ၀တ်ထားပါတယ်။  ဓာတ်ပုံတွေကို တူရကီနေ့စဉ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်သူတွေဟာ ရုရှား၊ ဥဇဘက်ကစ္စတန်၊ ခရိုင်ဇက်စတန်နိုင်ငံလို့ တူရကီ ၀န်ကြီးချုပ်ရုံးက အတည်ပြုတယ်လို့ ဆိုပါတယ်။ AP_istanbul_cctv_grabs_01_jef_160630_4x3_992ဇွန် ၃၀ စာရင်းတွေအရ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၄ ဦးရှိပြီး ဒဏ်ရာရသူ ၂၀၀ အထိရှိတယ်လို့ သတင်းတွေမှာ ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up