Home
အနုပညာ
အဆိုတော် တေလာဆွစ် အချစ်ရေး အကွဲအပြဲ တရုတ်တွင် လောင်းကြေးဖွင့်
DVB
·
July 1, 2016
အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွစ်နဲ့ ဗြိတိန် ရုပ်ရှင်မင်းသား တွမ်ဟစ်ဒါစ်တန့်ရဲ့ အချစ်ရေး အကွဲအပြဲကို တရုတ် အွန်လိုင်း Taobaoမှာ လောင်းကြေးဖွင့်နေပါတယ်။ ဟစ်ဒါစ်ဆွစ် အာမခံ အစီအစဉ်ဆိုပြီး Taobao မှာ လောင်းမယ်ဆိုရင်တော့ တနှစ်ကနေ ၆ လအတွင်း ကွဲခဲ့ရင် ၁ ယွမ် လောင်းရင် ၂ ဆ ရမယ်လို့ အေအက်ဖ်ပီသတင်းတပုဒ်မှာ ရေးသားထားပါတယ်။ တရုတ်မှာ လောင်းကစားတာဟာ တရားမ၀င်ပေမယ့် အာမခံအစီအစဉ်ပုံစံမျိုးနဲ့ လောင်းနေတာလည်း ဖြစ်ပါတယ်။ တေလာဆွစ်နဲ့ တွန်ဟစ်ဒါစ်တန်တို့ အချစ်ရေး သတင်းထွက်ပေါ်လာပြီး အရင် ရက်သတ္တပတ်အတွင်းမှာ လောင်းကြေးတွေ စတင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ တလအတွင်းမှာကို ၅၀၀ ကျော်ရောင်းချခဲ့ပြီး တဦးဆိုရင် ယွမ် ၄၀၀ အထိ ၀ယ်ယူထားတယ်လို့ ဆိုပါတယ်။ ဒီလိုလောင်းတဲ့အထဲမှာတော့ ၂၀၁၇ မှာ ကေတီပယ်ရီ ဂရမ်မီဆုရမရ၊ လာမယ့် အိပ်ခ်ျမန် ဇာတ်ကားမှာ ပက်ထရစ် စတီးဝပ်က ဆံပင်ရှည် ထားမထား စတာတွေလည်း ပါဝင်နေပါတယ်။ ဇွန် ၁ ရက်မှာတော့ ဒီလောင်းတာတွေ အားလုံးကို ခဏ ရပ်ဆိုင်းထားတာ တွေ့ရတယ်လို့လည်း သတင်းမှာ ရေးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024