Live
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း​ကို ပြန်သုံး​သပ်ပြီး​ လူထုကိုချပြရန် နိုင်ငံ​ရေး​ပါတီဆယ်ခု တိုက်တွန်း
အေးနိုင်
·
September 20, 2011
ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံစီမံကိန်း​နဲ့​ပတ်သက်လို့​ ကျယ်ကျယ်ပြန့်​ပြန့်​ ပြန်လည်သုံး​သပ်ပြီး​ အများ​ပြည်သူကို ချပြဖို့​ ဒီမိုက​ရေစီမိတ်​ဆွေပါတီ ၁၀ ခုက သ​ဘောထား​ကြေညာချက်ကို ပူး​တွဲထုတ်ပြန်လိုက်ပါတယ်။ ဒီမိုကရက်တစ် မိတ်​ဆွေပါတီများ​အဖွဲ့​ဟာ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု၊​ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊​ ပြည်​ထောင်စုဒီမိုက​ရေစီပါတီ၊​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီ၊​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ စတဲ့​ ၂ဝ၁ဝ ပြည့်​နှစ် ​ရွေး​ကောက်ပွဲ ဝင်ခဲ့​ကြတဲ့​ နိုင်ငံ​ရေး​ပါတီ ၁ဝ ခုနဲ့​ ဖွဲ့​စည်း​ထား​တာ ဖြစ်ပါတယ်။ လျှပ်စစ်မဂ္ဂါဝပ် ၁၆,၀၀၀ ​ကျော်ထွက်မယ့်​ ဧရာဝတီမြစ်ဆုံစီမံကိန်း​ကြီး​ဟာ တနိုင်ငံလုံး​နဲ့​ ပတ်သက်​နေတာဖြစ်တဲ့​အတွက် အလွန်အ​ရေး​ကြီး​တဲ့​ စီမံကိန်း​ကြီး​ဖြစ်တယ်လို့​ ယူဆတဲ့​အ​ကြောင်း​ ဒီပါတီ​တွေရဲ့​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။ ဒီမြစ်ဆုံစီမံကိန်း​အနီး​မှာ ငလျင်​ကြောနဲ့​နီး​စပ်​နေတဲ့​အတွက် ဆည်​တွေကျိုး​ပေါက်နိုင်​ခြေရှိ​ကြောင်း​၊​ တရုတ်နိုင်ငံမှာလည်း​ ဆည်​တွေကျိုး​ဖူး​ပြီး​ လူ​တွေသန်း​ချီဒုက္ခ​ရောက်ဖူး​တဲ့​ သာဓကရှိအ​ကြောင်း​ ​ဖော်ပြထား​ပါတယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦး​သု​ဝေက စာပါတိုက်တွန်း​ချက်ကို ခုလို​ပြောပြပါတယ်။ “ကျ​နော်တို့​ တိုက်တွန်း​တာက ဧရာဝတီမြစ်ဆုံ စီမံကိန်း​ကို သီး​ခြား​ကင်း​လွတ်တဲ့​ ဆိုင်ရာကျွမ်း​ကျင်ပညာရှင်​တွေနဲ့​ ကဏ္ဍစုံမှ​လေ့​လာပြီး​တော့​ ​ဆောင်ရွက်သင့်​မသင့်​ အကဲဖြတ်မှုကို အမြင်မတူတဲ့​ နှစ်ဘက်စလုံး​ရဲ့​ ချင့်​ချင့်​ချိန်ချိန် ကျယ်ကျယ်ပြန့်​ပြန့်​ အဆင့်​ဆင့်​ အချိန်ယူပါလို့​၊​ ဧရာဝတီမြစ်ဆုံ စီမံကိန်း​နဲ့​ပတ်သက်ပြီး​တော့​ သတင်း​အချက်အလက်​တွေကို ပညာရှင်များ​ရဲ့​ စိစစ်​ဝေဖန် အကဲဖြတ်မှု ​ကောင်း​ကျိုး​၊​ ဆိုး​ကျိုး​များ​ကို ပြည်သူလူထု အ​သေး​စိတ် သိရှိဖို့​ ပြည့်​ပြည့်​စုံစုံ အချိန်မီ ထုတ်ပြန်အသိ​ပေး​ဖို့​၊ “​နောက်ပြီး​တော့​ အထက်ပါ စီမံကိန်း​မျိုး​နဲ့​ အလား​တူတဲ့​ လုပ်ငန်း​ပမာဏ ကြီး​မား​ပြီး​တော့​ အချက်အလက်အရ ရှုပ်​ထွေး​တဲ့​ နိုင်ငံ​တော်အဆင့်​ အ​ရေး​ပါတဲ့​ စီမံကိန်း​ကြီး​တွေကို ​ဆောင်ရွက်တဲ့​အခါမှာ အချက်အလက် ပြည့်​ပြည့်​စုံစုံ ရယူပြီး​တော့​ စီမံကိန်း​ဒေသခံများ​နဲ့​တကွ ပြည်သူလူထု ဆန္ဒကိုလည်း​ စဉ်း​စား​ပြီး​တော့​မှ ​ဆောင်ရွက်ပါလို့​ အ​လေး​အနက် တိုက်တွန်း​တဲ့​စာပါ။” အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​နဲ့​ ပတ်သက်လို့​ ဆယ်ပါတီ ပူး​တွဲ​ကြေညာချက်တ​စောင်ကိုလည်း​ ဒီက​နေ့​မှာပဲ တခါတည်း​ ထုတ်​ဝေခဲ့​ပါတယ်။ ကြေညာချက်မှာ သမ္မတဦး​သိန်း​စိန် အစိုး​ရတက်လာပြီး​တဲ့​နောက် အ​ပြောင်း​အလဲ​တွေကို ပြည်တွင်း​ပြည်ပက တိုး​မြှင့်​လက်ခံလာတာကို​တွေ့​ရတဲ့​အတွက် ဒီအ​ခြေအ​နေကို အမိအရ ဆွဲကိုင်ပြီး​ နိုင်ငံ​တော်​အေး​ငြိမ်း​သာယာဖို့​အတွက် အစိုး​ရက နိုင်ငံ​ရေး​ပါတီ​တွေ၊​ ပြည်သူ​တွေနဲ့​ ပူး​ပေါင်း​ဆောင်ရွက်သင့်​တယ်လို့​လည်း​ တိုက်တွန်း​ထား​ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024