A d v e r t i s e m e n t With Us

၁၂ ပေခန့်ရှိ ကျားငါးမန်းကို ဖမ်းမိ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တော့ပ်ဆေလ်း ကမ်းခြေမှာ ၁၁ ပေ ၇ လက်မရှိ ကျားငါးမန်း တကောင်ကို ငါးမန်းမျှားသမားတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ဇွန် ၂၉ ရက် ညက ငါးမျှားနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်ကို ရုပ်သံနဲ့ မှတ်တမ်းတင်ကာ လော်ရာဟာရယ်က သူရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။ ဒီလိုဖမ်းဆီးရမိတဲ့ ဖြစ်ရပ်ဟာ ဖြစ်နေကျမဟုတ်ဘဲ အရင်နှစ်က ၆ ပေရှိတဲ့ ငါးမန်းတကောင်ကို ဖမ်းမိခဲ့သလို အခုလောက်ကြီးတဲ့ ငါးမန်းကိုတော့ မမြင်ဖူးဘူးလို့ လော်ရာက ပြောပါတယ်။ ဓာတ်ပုံအနည်းငယ် ရိုက်ယူခဲ့အပြီးမှာတော့ ဖမ်းဆီးထားတဲ့ ငါးမန်းကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီပိုစ့်ကို မျှဝေသူပေါင်း ၁၄၀၀၀ အထိရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up