ထူးဆန်းဖွယ် ကြောင်နှင့်မိတ်ဆွေဖြစ်နေသည့် ၀က်ဝံ(ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက ဖော်ဆွန်မြို့က တိရစ္ဆာန်ရုံမှာ ကြောင်နက်နဲ့ ၀က်ဝံတို့ မိတ်ဆွေဖြစ်နေပါတယ်။ တိရစ္ဆာန်ရုံက ၀န်ထမ်းတွေက ကြောင်နက်ကို ၀က်ဝံငယ်လို့ ခေါ်နေပါတယ်။ ကြောင်ကလေး ဘယ်ကလာလဲဆိုတာကိုတော့ မသိပေမယ့် အရင်လအနည်းငယ်က ရောက်လာတာလည်း ဖြစ်ပါတယ်။ မနက်တိုင်း ၀က်ဝံတွေအတွက် အစာသွားပို့ရင် ကြောင်ကလည်း ထွက်လာပြီးတော့ စားတယ်လို့ တိရစ္ဆာန်ရုံ ၀န်ထမ်းတဦးက ပြောပါတယ်။ ကြောင်နဲ့ ပေါင် ၅၅၀ ရှိတဲ့ ၀က်ဝံတို့ မိတ်ဆွေဖြစ်နေတာဟာလည်း ထူးဆန်းသလို ၀က်ဝံနဲ့ ကြောင်တို့က အတူတွဲလျက် သွားလာနေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ နီးစပ်မှုကို လာကြည့်တဲ့ ဧည့်သည်တွေက တအံတသြဖြစ်ခဲ့ရပါတယ်။ တချို့က ဒီလို နီးစပ်တာဟာ အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up