A d v e r t i s e m e n t With Us

ရုပ်ရှင်ရုံ ၁၀၀ လုပ်ငန်းစီမံကိန်း စာနယ်ဇင်းရှင်းလင်း

မြန်မာနိုင်ငံအတွင်းမှာ ဆောက်လုပ်မယ့် ရုပ်ရှင်ရုံ ၁၀၀ လုပ်ငန်းစီမံကိန်း စာနယ်ဇင်းရှင်းလင်းပွဲကို ဒီကနေ့ မနက်က မြရိပ်ညို စတူဒီယို ၃၅ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေ ရှားပါးလာမှု နဲ့ ရုံတင်ကားတွေကို အချိန်မီပြသနိုင်ဖိုအတွက် အခုလို ရုပ်ရှင်ရုံ ၁၀၀ ဆောက်လုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲမှာ ရုပ်ရှင်ရုံ ဆောက်လုပ်မယ့် စီမံကိန်းအချက်အလက်တွေ၊ တည်ဆောက်မယ့် ပုံကြမ်းတွေ၊ အသုံးပြုမယ့် ပရုံဂျက်တာ နဲ့ ဆက်စပ်ပစ္စည်းတွေအကြောင်းနဲ့ ဖွဲ့စည်းပုံကိစ္စရပ်တွေကို ရှင်းလင်းပြောပြခဲ့ကြပါတယ်။ ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းလုပ်ငန်းအတွက် ကော်မတီဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီမှာ သရုပ်ဆောင်လွင်မိုး၊ ဇာဂနာ၊ အရိုင်း နဲ့ စတူဒီယို ၃၅ က ကိုတင်မောင်ဝင်း တို့ပါဝင်ပြီး ကမ္ဘောဇ က ကူညီပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကျပ်ငွေဘီလီယံ ၂၀ ကျော် လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး စီမံကိန်းကာလကို ၂ နှစ်သက်မှတ်ထားပါတယ်။ ရုပ်ရှင်ရုံတွေကို တိုင်းဒေသကြီးတွေဖြစ်တဲ့ ရန်ကုန်  ၂၄ ရုံ၊ မန္တလေး ၁၅ ရုံ၊ ပဲခူး  ၁၂ ရုံ၊ စစ်ကိုင်း ၈ ရုံ၊ မကွေး ၈ ရုံ၊ ဧရာဝတီ ၁၉ ရုံ၊ တနင်္သာ  ၂ ရုံတို့နဲ့ မွန်ပြည်နယ် ၆ ရုံ၊ ရခိုင်ပြည်နယ်- ၅ ရုံ၊ ရှမ်းပြည်နယ် ၁၂ ရုံ၊ ချင်းပြည်နယ် ၁ ရုံ၊ ကချင်ပြည်နယ် ၁ ရုံ၊ ကာယားပြည်နယ် ၁ ရုံ ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။ သတင်း - ညိုမာသက်၊ ဓာတ်ပုံ - ဦးအေးကြူလေး (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ)  

A d v e r t i s e m e n t With Us

More News
Up