A d v e r t i s e m e n t With Us

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ၁၂ ရက်တာ ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီနေ့ ည ၇ နာရီ စီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မစ္စယန်ဟီးလီ မြန်မာနိုင်ငံကို လာရောက်တာဟာအခုဆို ၄ ကြိမ်မြောက် ခရီးစဉ်တခုဖြစ်ပြီး ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေအတွက် ရခိုင်ပြည်နယ်၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ရောက်ရှိမှုနည်းပါတဲ့ ရှမ်းပြည်နယ်က စစ်ဘေးရှောင်စခန်းတွေနဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာလည်း အင်းစိန်ထောင်ကို သွားရောက်လေ့လာခဲ့ပြီး လူ့အခွင့်အရေး ကော်မရှင်၊ စာနယ်ဇင်းကောင်စီတို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဇွန်လ ၁၉ ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ၁၂ ရက်တာခရီးစဉ်မှာ စစ်ဆေး တွေ့ရှိခဲ့တာတွေနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းသွားမှာဖြစ်ပါတယ်။ သတင်း - ခိုင်ပန်းနု

A d v e r t i s e m e n t With Us

More News
Up