A d v e r t i s e m e n t With Us

ဂိုဒေါင်ထုတ်တန်းတွင် အမျိုးသားတဦး တွဲလောင်းသေဆုံး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ တပင်ရွှေထီးမြောက်ရပ်ကွက် ဘောဂဗလ ဆန်စက်ဝန်းအတွင်းရှိ ဂိုဒေါင်ထုတ်တန်းမှာ ဇွန်လ ၃၀ ရက်နေ့ နေလယ် ၂ နာရီ ၂၅ မိနစ်လောက်က အမျိုးသားတဦးတွဲလောင်းသေဆုံးခဲ့တယ်လို့ ပဲနွယ်ကုန်း ရဲစခန်းမှ သိရပါတယ်။ ဖြစ်စဉ်မှာ ပဲနွယ်ကုန်းမြို့ တပင်ရွှေထီးမြောက်ရပ်ကွက်ရှိ ဂိုဒေါင်တလုံးမှာ အမျိုးသားတဦး တန်းလန်းဖြစ်လျှက်နေကြောင်း အကြောင်းကြားတဲ့အတွက် နယ်မြေရဲတပ်ဖွဲ့ စခန်းမှူးရဲအုပ် ၀င်းနိုင်နဲ့အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ သေဆုံးနေတဲ့ အမျိုးသားဟာ ထုပ်တန်းနဲ့ ဂိုဒေါင်အမိုးအကြားတွင် ဦးခေါင်ညပ်ပြီးမေးစေ့မှာ ထုတ်တန်းမှာ ချိတ်လျှက်သေဆုံးနေပြီး သေဆုံးသူမှာ ကိုထွန်းထွန်း (အသက် ၃၅) နှစ်ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးမှုအတွက် စခန်းမှူးရဲအုပ်ဝင်းနိုင်မှ တရားလိုပြုလုပ်ပြီး သေမှုသေခင်းအမှတ်စဉ် (၃ / ၂၀၁၆) နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် ပဲနွယ်ကုန်းဆေးရုံမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ သေဆုံးသူအမျိုးသားဟာ အရက်သေစာသောက်စားမှုရှိပြီး စိတ်ကစဥ့်ကလျှားဖြစ်ဖူးပြီး ဂိုဒေါင်မှာ အပ်ချုပ်စက်သင်တန်းဆရာမများနေထိုင်နေတယ်လို့ ပဲနွယ်ကုန်းနယ်မြေစခန်းမှူး ရဲအုပ်ဝင်းနိုင်ထံက သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)

A d v e r t i s e m e n t With Us

More News
Up