လီဆူအမျိုးသားညီလာခံ မြစ်ကြီးနားတွင် ကျင်းပ
DVB
·
July 1, 2016
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လီဆူအမျိုးသားညီလာခံကို ဇူလိုင်လ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပနေပါတယ်။
လီဆူအမျိုးသားညီလာခံကို တနိုင်ငံလုံအတိုင်းအတာနဲ့ မြစ်ကြီးနားမြို့ မန်ခိန်ဗက်လင် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။
အခုလို ညီလာခံကျင်းပတာဟာ ၂၁ ရာစုပင်လုံမှာ တင်ပြဆွေးနွေးဖို့အတွက် အချက်အလက်တွေ ကို လီဆူတိုင်းရင်းသား တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။
လီဆူညီလာခံကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေက လီဆူတိုင်းရင်းသားတွေ တက်ရောက်နေပါတယ်။
သတင်း၊ ဓာတ်ပုံ - သင်းသင်းနွယ်