အာဖဂန် ရဲကား ၂ စီးကို အသေခံဗုံးခွဲ၊ လူ ၄၀ သေဆုံး (ရုပ်သံ)

1K
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရဲ့အနောက်ပိုင်းမှာ ရဲကား ၂ စင်းကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုအတွင်း လူအယောက် ၄၀ သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ နေ့ခင်းပိုင်းမှာ ရဲသင်တန်းသားတွေကို တင်လာတဲ့ ကား ၂ စီးကို စောင့်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် အယောက် ၆၀ လောက်လည်း ဒဏ်ရာရသွားပါတယ်။
ရဲသင်တန်းသားတွေဟာ ရာမဒန်ဥပုသ်လ ပြီးဆုံးချိန်မှာ မိသားစုနဲ့ အတူ အီးဒ်ပွဲတော် ဆင်နွှဲဖို့ အိမ်ကိုအပြန်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် ကားတစီး ပျက်စီးသွားပြီး၊ အနီးအနားက လိုင်းကား ၄ စီး၊ ကိုယ်ပိုင်ယာဉ် အတော်များများကိုလည်း ထိမှန်ခဲ့ပါတယ်။
တာလီဘန်အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပြီး အာဖဂန်သမ္မတ ဂန်နီက တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။