A d v e r t i s e m e n t With Us

အမေရိကန် လူကုန်ကူးအစီရင်ခံစာအပေါ် မြန်မာ အဆောတလျင်တုံ့ပြန်

အမေရိကန်အစိုးရရဲ့မြန်မာအပေါ် လူကုန်ကူးမှုအဆင့် လျှော့ချလိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အဆောတလျင်တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုနဲ့ အဓမ္မခိုင်းစေမှုတွေကို ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာကို အဆင့် ၂ စောင့်ကြည့်စာရင်းမှ အဆင့်၃ သို့ လျှော့ချခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီလို အဆင့်လျှော့သတ်မှတ်လိုက်တဲ့အတွက် မြန်မာအစိုးရက အလေးထားလုပ်ဆောင်နေတဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးကို ထိခိုက်မှာ စိုးရိမ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ အခုလို မြန်မာကို အဆင့် ၃ လျှော့ချသတ်မှတ်လိုက်တာကြောင့် မြန်မာနဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုတွေ မထိခိုက်စေဖို့ မျှော်လင့်တယ်လို့လည်း မြန်မာအစိုးရက ပြောလိုက်ပါတယ်။ ဇွန် ၃၀ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအနေနဲ့  ၂၀၁၆ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာပါရှိတဲ့ အကြံပြုချက်တွေကို အလေးအနက်ထားစဉ်းစားပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေဆိုင်ရာ အားထုတ်ကြိုးပမ်းမှုတွေကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်၊ လူမှောင်ခိုကူးမှုနဲ့  လူကုန်ကူးမှုကိစ္စရပ်တွေကို နိုင်ငံတကာမိတ်ဖက်တွေနဲ့ နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန် ၃၀ ရက်ထုတ်ပြန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာထဲမှာ မြန်မာကို လူကုန်ကူးမှု မတိုက်ဖျက်နိုင်တဲ့ အဆိုးဝါးဆုံးစောင့်ကြည့်စာရင်း အဆင့် ၂ကနေ အဆင့် ၃ကို လျှော့ချခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ တပ်သားသစ် စုဆောင်းမှုနဲ့ ကလေးစစ်သား အသုံးပြုမှုတွေ အပါအ၀င် အထူးသဖြင့် ဒေသခံရွာသားတွေကို အတင်းအကြပ် လုပ်အားပေးခိုင်းစေမှုရပ်တန့်ဖို့ အားထုတ်မှုတွေကို အဓိက ပစ်မှတ်ထားပြီး မြန်မာရဲ့ မှတ်တမ်းကို ချင့်ချိန်ဆောင်ရွက်တာလို့ ဆိုပါတယ်။ 13532796_535392346661065_816096264240407374_n 13537553_535392349994398_4831471321255244964_n

A d v e r t i s e m e n t With Us

More News
Up