A d v e r t i s e m e n t With Us

ဖိလစ်ပိုင်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

Philippine presidential candidate and Davao city mayor Rodrigo 'Digong' Duterte (C) is flanked by his relatives during a "Miting de Avance" (last political campaign rally) before the national elections at Rizal park in Manila in the Philippines May 7, 2016. REUTERS/Romeo Ranoco - RTX2D9HH
ပြီးခဲ့တဲ့လက ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ သမ္မတသစ် ဒူဒက်တေဟာ ဇွန် ၃၀ ရက်နေ့က မနီလာမြို့တော် သမ္မတအိမ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ် သမ္မတသစ်ဟာ နိုင်ငံတောင်ပိုင်းက ဒါဗိုမြို့တော်ဝန်အဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ သက်တမ်းအတွင်း ရာဇ၀တ်မှုနဲ့ အဂတိလိုက်စားမှုတွေကို ပြတ်ပြတ်သားသားနှိမ်နင်းမယ်လို့ သူ့ရဲ့ကျမ်းကျိန်ပွဲမိန့်ခွန်းမှာ ကတိပြုပြောဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံရေးစနစ်တွေကို အခြေခံကျကျပြုပြင်ပြောင်းလဲပြီး လူထုက နိုင်ငံခေါင်းဆောင်တွေအပေါ်မှာ၊ နိုင်ငံရဲ့ တရားစီစဉ်ရေးမဏ္ဍိုင်နဲ့ ၀န်ထမ်းတွေအပေါ် ယုံကြည်မှု ဆုံးရှုံးမှုတွေကိုလည်း အလေးထားပြုပြင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီလိုနိုင်ငံပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်တာမှာလည်း သမ္မတတဦးအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အကန့်အသတ်ကိုလည်း သိရှိနားလည်တယ်လို့ သူ့ရဲ့မိန့်ခွန်းမှာ အလေးထားပြောဆိုပါတယ်။ အကျဉ်းချုံးကျင်းပခဲ့တဲ့ သမ္မတကျမ်းကျိန်ပွဲကိုလည်း အစိုးရပိုင်မီဒီယာ တခုတည်းကိုပဲ ၀င်ခွင့်ပြုခဲ့ပြီး တနိုင်ငံလုံးကို ရုပ်သံကတိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ၏ လက်ရှိ ဖိလစ်ပိုင်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ နိုင်ငံတကာစာချုပ်တွေ၊ နိုင်ငံတောင်ပိုင်းက သူပုန်တွေနဲ့ ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေးစာချုပ်တွေကို လေးစားလိုက်နာသွားမယ်လို့လည်း သမ္မတသစ်က ကတိပြုပြောဆိုပါတယ်။ ဖိလစ်ပိုင်သမ္မတသက်တမ်းဟာ ၆ နှစ် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up