Home
မေးမြန်းခန်း
ဧရာဝတီမြစ်ဆုံစီမံကိန်း​ကို ဆက်လက်ဆန့်​ကျင်မယ် (​ကေအိုင်အိုနှင့်​ ​မေး​မြန်း​ချက်)
အေးနိုင်
·
September 20, 2011
ဧရာဝတီမြစ်ဆုံမှာ ​ရေကာတာ​တွေတည်​ဆောက်မယ့်​ စီမံကိန်း​တွေဟာ ပြည်သူလူထုကို အကျိုး​ရှိ​စေမှာမဟုတ်တဲ့​အတွက် ဆက်လက်ဆန့်​ကျင်သွား​မယ်လို့​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) က ​ပြောပါတယ်။ ဧရာဝတီမြစ်​ပေါ်မှာ စင်ကာပူနိုင်ငံ​လောက် အရွယ်အစား​ရှိတဲ့​ မြစ်ဆုံ​ရေကာတာ​တွေက​နေ ထွက်ရှိတဲ့​ ​ရေအား​လျှပ်စစ်ဓာတ်အား​ကို တရုတ်နိုင်ငံကို ​ရောင်း​စား​ဖို့​ မြန်မာစစ်အစိုး​ရလက်ထက်က တရုတ်အစိုး​ရပိုင် စီပီအိုင် ကုမ္ပဏီနဲ့​ မြန်မာဘက်က ​အေး​ရှား​ဝေါလ်တို့​ ပူး​တွဲအ​ကောင်အထည်​ဖော်​နေကြတာဖြစ်ပါတယ်။ မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​တွေနဲ့​ပတ်သက်လို့​ ကျယ်ကျယ်ပြန့်​ပြန့်​ ကန့်​ကွက်ချက်​တွေ မပေါ်ခင်ကတည်း​က ​ကေအိုင်အိုဟာ ဒီစီမံကိန်း​ကို ရပ်တန့်​ဖို့​ ကြိုး​စား​သလို အခုလည်း​ ​ရေကာတာ​ဆောက်လုပ်​ရေး​လုပ်ငန်း​ကို ဟန့်​တား​မှု​တွေ ဆက်လက်​ဆောင်ရွက်​နေပါတယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။ မြစ်ဆုံ​ရေကာတာဆိုင်ရာ အ​ခြေအ​နေနဲ့​ပတ်သက်လို့​ ​ကေအိုင်အို​ပြောခွင့်​ရသူ ဦး​လနန်း​ကို ​မေး​မြန်း​ထား​ပါတယ်။ မြစ်ဆုံစီမံကိန်း​ကို ကျယ်ကျယ်ပြန့်​ပြန့်​ ကန့်​ကွက်​နေကြပါတယ်။ ​ကေအိုင်အိုရဲ့​ သဘောထား​က ဘယ်လို့​ရှိပါသလဲ။ “​ကေအိုင်အို သ​ဘောထား​ကို ​ပြောရမယ်ဆိုရင်​တော့​ ​ကေအိုင်အိုက မြစ်ဆုံစီမံကိန်း​စတင်မယ့်​ သတင်း​ထွက်လာတာနဲ့​ အကြိမ်ကြိမ် ကန့်​ကွက်ခဲ့​တယ်၊​ ကန့်​ကွက်တယ်ဆိုတာ ကျ​နော်တို့​ ​ကေအိုင်အို တဖွဲ့​တည်း​ရဲ့​ သ​ဘောဆန္ဒမဟုတ်ဘဲနဲ့​ ကချင်ပြည်နယ်သူ ပြည်နယ်သား​တွေရဲ့​ သ​ဘောဆန္ဒ ​တောင်း​ဆိုမှု​တွေကို လက်မှတ်ထိုး​ထား​တာရှိတယ်။ ​တောင်း​ဆိုချက်​တွေကို သက်ဆိုင်ရာအာဏာပိုင်​တွေနဲ့​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေကိုလည်း​ စာနဲ့​ရေး​ပြီး​ ကန့်​ကွက်တာ​တွေ လုပ်ခဲ့​သလို၊​ ​နောက် တရုတ်အစိုး​ရ သမ္မတဟူကျင်​တောင်း​ကို လိပ်မူပြီး​တော့​ ကန့်​ကွက်တာ​တွေလည်း​ လုပ်ခဲ့​တယ်။ ကျ​နော်တို့​ ကချင်အဖွဲ့​အစည်း​က မြစ်ဆုံ​ရေကာတာစီမံကိန်း​ကို နဂိုကတည်း​က ကန့်​ကွက်ပြီး​သား​ပါ။ အဲဒီကိစ္စ အ​ကောင်အထည်မ​ဖော်ဖို့​ ဥပ​ဒေနည်း​လမ်း​နဲ့​အညီ တရား​ဝင် ကန့်​ကွက်​နေတာပါ။ တိုက်ပွဲကာလဖြစ်လာ​တော့​ မြစ်ဆုံစီမံကိန်း​မှာ အသုံး​ပြုမယ့်​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေကို ကျ​နော်တို့​ ပိတ်ဆို့​တာ​တွေ လုပ်ပါတယ်။” ဘယ်လို ပိတ်ဆို့​မှု​တွေ လုပ်ခဲ့​တာလဲ။ “မြစ်ဆုံစီမံကိန်းက ယူနန်ပြည်နယ်နဲ့​နီး​တော့​ ယူနန်ပြည်နယ် ကူမင်းဘက်ကနေ ကုန်း​တွင်း​ပိုင်း​က​နေ ​ဆောက်လုပ်​ရေး​ ပစ္စည်း​တွေ သယ်ယူတဲ့​အခါမှာ အဓိက ကန်ပိုက်တီလမ်း​ကြောင်း​နဲ့​ လိုင်ဇာလမ်း​ကြောင်း​ကို အသုံး​ပြုပြီး​တော့​ တရုတ်ပြည်က ​ဆောက်လုပ်​ရေး​ ပစ္စည်း​တွေကို သွင်း​တယ်။ တရုတ်က အတတ်ပညာရှင်​တွေ၊​ အလုပ်သမား​တွေ စက်ယန္တရား​တွေကို အဲဒီလမ်း​ကြောင်း​တွေကသွင်း​တယ်။ ဒါ​ပေမယ့်​ တိုက်ပွဲပြန်ဖြစ်လာတဲ့​အခါ လိုင်ဇာလမ်း​ကြောင်း​က​နေ ဘယ်လိုမှ သွင်း​မရ​တော့​ဘူး​ လမ်း​ကြောင်း​တွေက ပျက်ကုန်တယ်။ ကျန်​နေတာ​တော့​ ကန်ပိုက်တီ လမ်း​ကြောင်း​က​နေ စက်ယန္တရား​ရယ်၊​ တရုတ်ပြည်က အလုပ်သမား​တွေရယ်၊​ ဘိလပ်​မြေတို့​၊​ သံတို့​၊​ ပိုက်လုံး​တို့​၊​ စက်ယန္တရား​တို့​၊​ စက်သုံး​ဆီတို့​ကို သွင်း​တာရှိတယ်။ တိုက်ပွဲဖြစ်လာ​တော့​ အဲဒီ ကန်ပိုက်တီလမ်း​မ​ပေါ်မှာ ကျ​နော်တို့​ ​ကေအိုင်အို တပ်ဖွဲ့​တွေက ​နေရာယူထား​ပြီး​ လမ်း​ကြောင်း​မှာ ဂိတ်တခုချထား​လိုက်တယ်။ အဲဒီဂိတ်က​နေ အခု​လော​လောဆယ် ​အေး​ရှား​ဝေါလ်က ​ဆောက်လုပ်​ရေး​ ပစ္စည်း​အား​လုံး​ စက်သုံး​ဆီအပါအဝင် မြစ်ဆုံစီမံကိန်း​မှာ အလုပ်လုပ်​နေတဲ့​ ​အေး​ရှား​ဝေါလ်က အလုပ်သမား​တွေအတွက် ရိက္ခာ​တွေပို့​တဲ့​လမ်း​ကြောင်း​ကို ကျ​နော်တို့​ ပိတ်ဆို့​ထား​ပါတယ်။ မြစ်ဆုံ​ရေကာတာ စီမံကိန်း​ကို ကန့်​သတ်တဲ့​ လုပ်​ဆောင်မှုပါပဲ။ ဒါ​ပေမယ့်​ ဂိတ်က အရပ်သား​တွေရဲ့​ ကုန်စီး​ဆင်း​မှုကို​တော့​ အ​နှောင့်​အယှက်မ​ပေး​ပါဘူး​။” အမှတ် ၁ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ ဦး​ဇော်မင်း​က ​ပြောသွား​တယ်။ (မြစ်ဆုံစီမံကိန်း​ကြောင့်) ​ဒေသခံ​တွေလည်း​ အလုပ်ရတယ်၊​ ရွာသား​တွေလည်း​ စိတ်မပျက်ပါဘူး​ ဆိုတာနဲ့​ ပတ်သက်လို့​မေး​ချင်ပါတယ်။ ကချင်ပြည်သူ​တွေ အလုပ်ရ​နေလား​။ “မြစ်ကြီး​နား​မြို့​ပေါ်မှာ ရှိတဲ့​လူထုကို ဦး​ဇော်မင်း​က တိုက်ရိုက်​မေး​မြန်း​ဖို့​ သင့်​ပါတယ်၊​ ရမ်း​သမ်း​ပြောဆိုမှုပါ။ အဓိက အလုပ်လုပ်ဖို့​ တရုတ်ပြည်က အလုပ်သမား​တွေ ​ခေါ်လာတာများ​တယ်လို့​ သိရတယ်။ တရုတ်​တွေ မတရား​ ဝင်လာတာ​ကြောင့်​ တရုတ်-မြန်မာနယ်စပ်မှာ ပိုပြီး​တော့​ အကျင့်​စာရိတ္တပျက်ပြား​မှု​တွေ အများ​ကြီး​ ဖြစ်​နေတယ်။ ဒါက​တော့​ ​ဒေသခံ​တွေပိုသိပါတယ်၊​ တာဝန်မဲ့​ ​ပြောဆိုမှုပါ။” မြစ်ဆုံနဲ့​ပတ်သက်ပြီး​တော့​ ကျယ်ကျယ်ပြန့်​ပြန့်​ ​ပြောဆိုလာမှုမှာ မြစ်ဆုံ​နေရာထက်စာရင် အ​ပေါ်ပိုင်း​နည်း​နည်း​ရွှေ့​ပြီး​တော့​ အငယ်စား​ ဆည်​လေး​ ၂ ခု​လောက် ​ဆောက်လိုက်ရင် အဲဒီလျှပ်စစ်စွမ်း​အား​အတိုင်း​ရမယ်ဆို​တော့​၊​ ဒီလိုမျိုး​ လျှပ်စစ်စွမ်း​အား​ရရင် ကချင်ပြည်နယ်က ဖွံ့​ဖြိုး​တိုး​တက်လာမယ် မဟုတ်လား​။ အဲဒါ​ရော ​ကေအိုင်အိုက ဘယ်လိုသ​ဘောထား​ရှိလဲ။ “အခု သူတို့​လုပ်​နေတဲ့​ မြစ်ဆုံစီမံကိန်း​တင်မကပါဘူး​ အခြား​ရေအား​လျှပ်စစ်ထုတ်လုပ်တဲ့​ စီမံကိန်း​အား​လုံး​က​တော့​ နိုင်ငံသူနိုင်ငံသား​တွေကို လျှပ်စစ်ဓာတ်အား​ဖြန့်​ဝေ​ရေး​က တခုမှမပါဘူး​။ အဓိက​တော့​ တရုတ်ပြည်ကို ​ရောင်း​ထုတ်မှာပါ၊​ လူတိုင်း​လည်း​သိပါတယ်။ ကချင်ပြည်နယ်မှာ ​ရေအား​လျှပ်စစ်စီမံကိန်း​တွေ ​ဆောက်လုပ်​နေ​ပေမယ့်​ လျှပ်စစ်မီး​ကို ၂၄ နာရီ ပတ်လုံး​ရတဲ့​ ​ဒေသရယ်လို့​ မရှိဘူး​၊​ ရတဲ့​မီး​ကလည်း​ မီး​ထွန်း​ဖို့​လောက်ပါပဲ။ တခြား​ အ​သေး​စား​စက်မှုလက်မှုလုပ်ငန်း​ လုပ်နိုင်တဲ့​ မီး​အား​ သူတို့​မ​ပေး​နိုင်ဘူး​။ သူတို့​ပြောဆိုမှုက​တော့​ မြစ်ဆုံ​ရေကာတာ ​ဆောက်လုပ်ခြင်း​ဖြင့်​ ကချင်ပြည်နယ်တခွင်မှာ မီး​လင်း​သွား​မယ်ဆိုတာ မဖြစ်နိုင်တာကို ​ပြောဆိုတာပါ။ တကယ်လို့​ စီမံကိန်း​ ပြီး​ခဲ့​မယ်ဆိုရင်​တောင် မြစ်ကြီး​နား​မြို့​တော့​ မီး​ရမယ် တခြား​ဒေသ​တွေက မီး​ရဖို့​မလွယ်ပါဘူး​။ တခြား​ ​အောက်ပြည်ကိုလည်း​ မီး​ရဖို့​မလွယ်ပါဘူး​။ အဓိက​တော့​ အဲဒီမီး​တွေကို တရုတ်ပြည်က ဝယ်တာ​တောင် မဟုတ်ပါဘူး​၊​ တရုတ်ပြည်က လာလုပ်ယူသွား​တာပါ။” မြစ်ဆုံကိစ္စနဲ့​ပတ်သက်ပြီး​ အခု လွှတ်​တော်မှာ ​ဆွေး​နွေး​ပြီး​ မဲခွဲမယ်ဆိုပြီး​တော့​ ဆုံးဖြတ်ချက်ကျလာရင်​ကော ​ကေအိုင်အိုက လက်ခံမလား​။ “လွှတ်​တော်နဲ့​ပတ်သက်ပြီး​တော့​ ကျ​နော်တို့​ ​ကေအိုင်အို အဖွဲ့​အစည်း​က အသိအမှတ်လည်း​ မပြုဘူး​၊ လွှတ်​တော်ထဲမှာ ဘယ်လိုပဲ ​ပြောဆိုကြ​ပေမယ့်​ ကျ​နော်တို့​ဘက်က​တော့​ နဂိုတည်း​က ချမှတ်ထား​တဲ့​ မူ​ပေါ်လစီကိုပဲ ဆုပ်ကိုင်သွား​မှာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024