သူငယ်ချင်း ယောက်ျားရှာဖြစ်သူကို သတ်ကြောင်း အမျိုးသမီးအဖြစ်လိင်ပြောင်းထားသူ ၀န်ခံ

1.2K
ထိုင်းနိုင်ငံ ဥဒုံဌာနီမှာ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူက သူငယ်ချင်းဖြစ်တဲ့ ယောက်ျားလျာကို သတ်လိုက်ပါတယ်။
ဘ၀ပုံစံကြောင့် ကလေးမမွေးနိုင်ဘူးလို့ ယောက်ျားလျာက ပြောကြားခဲ့တဲ့အတွက် စိတ်ဆိုးပြီး သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
ဇွန် ၂၉ ရက်မှာ အသက် ၂၅ နှစ် သီရာဝတ်မေ၀မ်က ရဲစခန်းကိုလာရောက်ပြီး သတ်ဖြတ်ခဲ့တာ ၀န်ခံပြောကြားခဲ့တာလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။
ဥဒုံဌာနီက ရေတံခွန်မှာ သတ်ပစ်လိုက်တာ ဖြစ်ပြီး နောက်ပိုင်း ကယ်ဆယ်ရေးသမားတွေနဲ့ အတူ သွားရောက် ကြည့်ရှုရာမှာတော့ သေဆုံးနေတဲ့ ယောက်ျားလျာအလောင်းကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးဟာ နှစ်ရှည်လများ ခင်ခဲ့တဲ့ သူငယ်ချင်း ၂ ဦးဖြစ်ပြီး ဇွန် ၂၉ ရက်မှာ ရေတံခွန်ကို သွားရောက်ခဲ့ပြီး အရက်သောက်ရာကနေ စကားများခဲ့ကြတာ ဖြစ်ပါတယ်။
စကားများ ငြင်းခုံရာကနေ စိတ်ဆိုးဒေါသထွက်လာပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လူသတ်မှု ကျူးလွန်တယ်လို့ သံသယရှိသူ သီရာဝတ်ကို ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။