A d v e r t i s e m e n t With Us

ပြင်သစ်နောက်ခံလူ ဆယ်မြူရယ်ကို ဘာစီလိုနာ ခေါ်ယူ

Olympique Lyon's Samuel Umtiti celebrates after scoring a goal against Troyes during their French Ligue 1 soccer match at the Stade de l'Aube stadium in Troyes, January 12, 2013. REUTERS/Benoit Tessier /File Photo
စပိန်လာလီဂါကလပ် ဘာစီလိုနာက ပြင်သစ် ဗဟိုနောက်ခံလူ ဆယ်မြူရယ် အမ်တက်တီကို ပေါင် ၂၁ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ ဘာစီလိုနာက နောက်တန်းသမားကို ပြင်သစ်ကလပ် လိုင်ယန်ကနေ ခေါ်ယူလိုက်တာပါ။ အသက် ၂၂ နှစ်အရွယ် အမ်တက်တီဟာ လိုင်ယွန် လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတာပါ။ ယူရိုပြိုင်ပွဲ ၀င်နေတဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပေမယ့် ပါဝင် ကစားခွင့် ရခြင်းတော့ မရှိသေးပါဘူး။ ပြင်သစ်မီဒီယာတွေမှာတော့ ဘာကာက အမ်တက်တီကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူတာ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာက တိုက်စစ်မှူး နေမာကို စာချုပ်သစ်နဲ့ သက်တမ်းတိုးနိုင်ဖို့အတွက် နီးစပ်နေတယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up