ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁ သောင်းခွဲ လိုင်ဘေးရီးယားမှ ပြန်ရုပ်သိမ်း

United Nations (UN) peacekeepers patrol in their vehicle during Liberia's presidential election run-off, along a street in Monrovia November 8, 2011. REUTERS/Luc Gnago
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ လိုက်ဘေးရီးယား နိုင်ငံကနေ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ လိုက်ဘေးရီးယားမှာ ရက်စက်ဆိုးရွားတဲ့ ပြည်တွင်းစစ် ၂ နှစ်ကြာဖြစ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။ အခုတော့ နိုင်ငံလုံခြုံရေးကို ပြည်တွင်းတပ်ဖွဲ့ဝင်တွေထံ လွှဲပြောင်းလိုက်ပြီးဖြစ်လို့  ကုလသမဂ္ဂတပ်ဖွဲ့ဝင် အင်အား ၁ သောင်းခွဲကို ဇွန် ၃၀ ရက်နေ့က ပြန်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ လိုက်ဘေးရီယား သမ္မတ အဲလန် ဂျွန်ဆင် ဆာလိဖ် Ellen Johnson Sirleaf က အသွင်ကူးပြောင်းရေးအတွက် ကိစ္စအတော်များများကို ဆောင်ရွက်ခဲ့ပေမယ့် ဆက်လုပ်စရာတွေ ရှိသေးတယ်လို့ ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကို သင်တန်းပေးဖို့၊ စီမံခန့်ခွဲရေးအပိုင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ထောက်ပံ့တဲ့အပိုင်းတွေမှာ ဆက်လုပ်စရာတွေ ရှိတယ်လို့ သမ္မတ ဆာလိဖ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up