A d v e r t i s e m e n t With Us

မန်ယူအသင်းကို ပြောင်းရန် လက်မှတ်ထိုးမည်ဟု အီဗရာဟီမိုဗစ် အတည်ပြု

Swedish national soccer player Zlatan Ibrahimovic smiles during a press conference at Friends Arena in Stockholm, Sweden, on March 27, 2016, ahead of Tuesday's friendly soccer match against Czech Republic. REUTERS/Claudio Bresciani /TT News Agency
ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်က မန်ယူအသင်းကို ပြောင်းဖို့ သဘောတူလက်မှတ် ရေးထိုးမယ်လို့ အတည်ပြုလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ ၄ နှစ်ကြာ ကစားအပြီးမှာ လမ်းခွဲထားပါတယ်။ အီဗရာဟီမိုဗစ်ဟာ မန်ယူရောက်ရင် အင်တာမီလန်အသင်းမှာတုန်းက ဆရာဖြစ်ခဲ့တဲ့ နည်းပြ မော်ရင်ဟိုနဲ့ ပြန်လည် လက်တွဲခွင့်ရမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး မိုဗစ်က “အနာဂတ်ခရီးက မန်ယူအသင်း ဖြစ်တာကို လူတိုင်းသိခွင့်ရပါပြီ” လို့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ ပြင်သစ်လီဂူး အမှတ်ပေးလိဂ်မှာ ပီအက်စ်ဂျီအသင်းအတွက် ၅၁ ပွဲ ကစားပေးရာမှာ ဂိုးပေါင်း ၅၀ သွင်းပေးထားပါတယ်။ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ဆွီဒင်အသင်းအတွက် ပွဲပေါင်း ၁၁၆ ပွဲမှာ ၆၂ ဂိုး သွင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up