Home
မြန်မာသတင်း
အရှေ့တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလှုပ်ရှားမှု အရှိန်မြင့်လာဟု ဂျပန်ထုတ်ပြန်
DVB
·
June 30, 2016
အရှေ့တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလှုပ်ရှားမှုအရှိန်မြင့်လာနေတယ်လို့ ဂျပန်စစ်ဘက်ခေါင်း ဆောင်က ဒီကနေ့ပြောပါတယ်။ ဂျပန်လေတပ်က လွန်ခဲ့တဲ့ သုံးလတာအတွင်းမှာ အကြိမ် ၂၀၀ ခန့် လှုပ်ရှားတာတွေ့ရပြီး မနှစ်က အချိန်တူ ၃ လမှာ ၁၁၄ ကြိမ်လှုပ်ရှားတာတွေ့ရတာကြောင့် နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ကတ်ဆူတိုရှိကာဝါနိုက တိုကျိုမှာလုပ်တဲ့ ပုံမှန်ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး ရှင်ကာကုလို့အမည်ရှိတဲ့ ကွန်းစုတွေဟာ တရုတ်နိုင်ငံဘက်က လည်း ဒိုင်ယာအိုယုအမည်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေပြီး ထိုင်ဝမ်နိုင်ငံကလည်း သူလည်း ပိုင်ဆိုင်ကြောင်း ပြောထားပါတယ်။ ဂျပန်က တရုတ်နိုင်ငံက အရှေ့တရုတ်ပင်လယ်တွင်းလှုပ်ရှားမှု မြင့်တက်လာတာကို တုန့်ပြန်မှုအဖြစ် အရှေ့တောင်အာရှနိုင်ငံတွေကို (ဥပမာအားဖြင့်  တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံနဲ့ ပိုက်နက်နယ်မြေအငြင်းပွားနေတဲ့  ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့လို) အထောက်အပံ့ပေးဖို့ ကတိက၀တ်တွေပြုခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ပိုင်နက်နယ်မြေအငြင်းပွားမှုကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံကို သည်ဟိတ်ဂ် အခြေစိုက် အမြဲတမ်းအနုညာတ တရားရုံးမှာ ၁၂ ရက်နေ့ဆုံးဖြတ်ဖို့ရှိပါတယ်။ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူပိုင်ဆိုင်တယ်လို့ ရပ်တည်နေ တဲ့အပေါ် ကုလသမဂ္ဂကွန်ဗင်းရှင်းဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံက တိုင်တန်းခဲ့တာပါ။ ဒီဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုလည်း ဂျပန်နိုင်ငံက အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့ ဂျပ်ရေတပ်ဗိုလ်ချုပ်က ပြောပါတယ်။ တရုတ်နိုင်ငံကတော့ ဒီတရားရုံးဆုံးဖြတ်ချက်ကို အသိအမှတ်မပြုသလို လက်ခံမှာ မဟုတ် ကြောင်း အကြိမ်ကြိမ်ပြောဆိုထားပြီး သက်ဆိုင်ရာ အငြင်းပွားကြတဲ့နိုင်ငံချင်း တွေ့ဆုံဆွေးနွေး အဖြေရှာဖို့သာ တောင်းဆိုနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024