A d v e r t i s e m e n t With Us

ကမ္ဘောဒီးယားအလုပ်သမား ၂ ဦးရဲ့ ခွေးသားညစာ ထိုင်းရဲစစ်ဆေး

ထိုင်းနိုင်ငံတောင်ပိုင်း ချောင်ဘူရီခရိုင်၊ ဘန်ဂလာမန်ဒေသက အမ်-၂ အလုပ်သ မားစခန်းထဲမှာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုတခုဖြစ်နေတယ်လို့ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ ကို ဆက်သွယ်ခဲ့လို့ ရဲတွေက သွားရောက်ခဲ့ကြပါတယ်။ အသက် ၆၇ နှစ်အရွယ် ပွန်သစ်ပီကာလ်သောင်အမည်ရတဲ့ အဘွားအိုက ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ ညပိုင်းမှာ တိုင်ကြားခဲ့တာလို့ ပတ္တယားဝမ်းသတင်းမှာ ဖော်ပြပါတယ်။ အဲဒီနေ့က သူဟာ အစားအသောက်တွေဝယ်ပြီး အိမ်အပြန်မှာ အမျိုးသား ၂ ဦးဟာ တိရစ္ဆာန်တကောင်ကို ခုတ်ထစ်နေတာကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူက ဒါဟာ ၀က်တကောင်ဖြစ်မယ်လို့ထင်ခဲ့ပြီး အနားကပ်ပြီး ၀ယ်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ငြင်းပယ်ခဲ့ကာ ဝေးဝေးကိုသွားဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူက ဒါဟာ ခွေးတကောင်ဖြစ်မယ်လို့ သတိပြုမိခဲ့ပြီးနောက်မှာတော့ ရဲတွေကို အရေးပေါ်ခေါ်ဆိုခဲ့တာပါ။ ကမ္ဘာဒီးယားနိုင်ငံသား ၂ ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ပလဲန်ဖိုလ်နဲ့ အသက် ၂၅ နှစ်အရွယ် ချိုင်ဟ ပလဲန်ချိုင်ဟတို့က သူတို့ဟာ ခွေးသားတွေ ခုတ်ထစ်နေခဲ့တာကို ၀န်ခံခဲ့ပြီး သတ်ခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။ သူတို့က အဆိုပါခွေးဟာ သူတို့မွေးထားတာဖြစ်ပြီး အဲဒီနေ့ညနေအစောပိုင်းမှာ ဖျားနာပြီး သေဆုံးသွားခဲ့လို့ စားသောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ပြောပါတယ်။ ရဲအရာရှိ စီတ၀ပ်ကတော့ သူတို့ရဲ့စကားကို မယုံကြည်နိုင်သေးပဲ ခွေးကို ဓမ္မတာ အတိုင်း သေဆုံးတာဟုတ်မဟုတ် ဆက်လက်စုံစမ်းစစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up