A d v e r t i s e m e n t With Us

လူ ၃၀ ရှိနေသည့် ဆံပင်ညှပ်ဆိုင်ထဲ ထိုးဝင်သွားသည့်ကား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ လူ ၃၀ နီးပါး ရှိနေတဲ့ ဆံပင်ညှပ်ဆိုင်ထဲကို ကားတစီးက ၀င်သွားပါတယ်။ ဇွန် ၂၉ ရက်နေ့လယ်ပိုင်းမှာ အသက် ၈၃ နှစ် အမျိုးသမီးတဦးက မသန်စွမ်းတွေ အတွက် သတ်မှတ်ပေးထားတဲ့ နေရာမှာ ကားကို ရပ်နားစဉ်မှာ ဘရိတ်အစား လီဗာကို နင်းမိလို့ ဆိုင်ထဲကို ၀င်သွားတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ကားက ဆံပင်ညှပ်ဆိုင် ဧည့်ကြိုတဲ့နေရာကို ၀င်သွားရမှာ အလုပ်သမားတဦးလည်း ကားနဲ့ ချိတ်ပါသွားပါတယ်။ ကားဝင်လာတဲ့အချိန် ကျယ်လောင်တဲ့ အသံကို ကြားလိုက်ရပြီး ဗုံးကွဲတယ်လို့ မှတ်ထင်တဲ့အကြောင်း မျက်မြင်သက်သေတဦးက ပြောပါတယ်။ တဦးတယောက်မှ ဒဏ်ရာမရဘူးလို့လည်း ဆံပင်ညှပ်ဆိုင်ပိုင်ရှင်က ပြောပါတယ်။ ကားမောင်းတဲ့ အမျိုးသမီးနဲ့ အလုပ်သမား ၂ ဦးကို ဆေးရုံကို တင်ပို့ရပေမယ့် အကြီးအကျယ် ဒဏ်ရာမရဘူးလို့ ပြောပါတယ်။ ဒီနေရာမှာ ဆံပင်ညှပ်ဆိုင် ဖွင့်ထားတာ ၇ လလောက်ရှိနေပြီဖြစ်သလို ဒီဖြစ်ရပ် ဖြစ်ပွားပြီး ဇွန် ၃၀ ရက်မှာ ဆံပင်ညှပ်ဆိုင်ကို ပြန်ဖွင့်မှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up