အသက်ကယ်လေအိတ်ပြဿနာတက်နေသည့် ကား ၁ သန်းခွဲခန့် ပြန်အပ်ရန် တိုယိုတာပြော

824
ဂျပန်ကားကုမ္ပဏီကြီးဖြစ်တဲ့ တိုယိုတာကားကုမ္ဗဏီက ကမ္ဘာတ၀န်းက အသက်ကယ်လေအိတ်ပြဿနာတက်နေတဲ့ ကား ၁.၄၃ သန်းကို ပြန်အပ်ဖို့ ခေါ်ယူထားတယ်လို့ ဇွန် ၂၉ ရက်နေ့ကပြောဆိုပါတယ်။
ပရီးရပ်စ် မော်ဒယ်နဲ့ လက်ဆက်ဇ် မော်ဒယ်တွေဖြစ်ပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ကားတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း တကာတာကုမ္ပဏီထုတ် အသက်ကယ်လေအိတ်တွေမှာ ပြဿနာတွေရှိခဲ့တဲ့အတွက် တိုယိုတာကားကုမ္ဗဏီအပါအ၀င် ကားကုမ္ပဏီအတော်များများ ကားအစီးရေ သန်းနဲ့ချီပြီး ပြန်အပ်ခိုင်းခဲ့ကြရတာပါ။
အခု တိုယိုတာကားတွေ ပြန်အပ်ဖို့ ခေါ်ထားတဲ့ကိစ္စမှာ တကာတာလေအိတ်ကုမ္ပဏီနဲ့ မသက်ဆိုင်သလို အဲ့ဒီလေအိတ်တွေကြောင့် ကားမောင်းသူတွေ ထိခိုက်သေဆုံးမှုတွေလည်း မရှိသေးပါဘူး။
မြောက်အမေရိကနိုင်ငံတွေက တိုယိုတာကားအစီး ၅ သိန်းနီးပါး၊ ဂျပန်နိုင်ငံက ကား ၇ သိန်းခွဲနီးပါးနဲ့ ဥရောပ၊ တရုတ်နဲ့ တခြားနိုင်ငံတွေက တိုယိုတာကားတွေ ပါဝင်ပါတယ်။