ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ ဧ၀ရက်တောင်ထိပ်ပေါ် ရောက်ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းဝင်စာရွက်စာတမ်းတုတွေနဲ့အတူ အိန္ဒိယနိုင်ငံသား စုံတွဲတတွဲကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယအခြေစိုက် မစ်ဒေးသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။
ဒင်းနက်ရှ် ရာသို့ဒ်နဲ့ ဇနီးဖြစ်သူ တာနာကက်ရှ်ဝါရီတို့ဟာ မဟာရက်ခ်ျထရာပြည် နယ်မှာ နေထိုင်ကြတာဖြစ်ပြီး နှစ်ဦးလုံးဟာ ရဲတွေဖြစ်ပါတယ်။
သူတို့ရဲ့ ဧ၀ရက်တောင်ထိပ်ပေါ်ရောက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဝင်စာရွက်စာ တမ်းတွေအပေါ် သံသယနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
တခြားတောင်တက်သမား ၈ ဦးက သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်းကြားခဲ့ပြီး လက်ရှိမှာတော့ ပြွန်းမြို့ရဲတပ်ဖွဲ့နဲ့ နီပေါအစိုးရတာဝန်ရှိသူတွေက ဒီလိမ်လည်မှုကို စွဲချက်တင်သက်သေပြဖို့ ကြိုးစားနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

“ပုံတွေက နောက်ထပ်ခွဲခြားစိတ်ဖြာနေစရာမလိုအောင်ကို ရှင်းလင်းနေတာပဲ” လို့ တောင်တက်သမား အန်ဂျာလီ ကူလ်ကာနီက ပြောပါတယ်။
“သူတို့စုံတွဲရဲ့ ၀တ်စုံတွေရော ဖိနပ်တွေပါ တောင်ထိပ်ပေါ်ရောက်တဲ့အချိန်က ပုံတွေမှာ (မတူညီပဲ) အရောင်ပြောင်းနေခဲ့တယ်လေ” လို့ သူက ဆိုပါတယ်။
ရာသို့ဒ်ဟာ အောက်ခြေစခန်းကို နောက်ကျမှရောက်လာခဲ့တယ်လို့ သူက ပြော လိုက်တာပါ။
နောက်ထပ်အဓိက အချက်တချက်အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးဧ၀ရက် တောင်ထိပ်ရောက်စုံတွဲကို တခြားတောင်တက်သမားတွေက တောင်ထိပ်ပေါ်မှာ မမြင်ခဲ့ဘူးလို့ ပြောနေကြတာပါ။
ဒါပေမယ့် ရာသို့ဒ်အတွက် ဒါဟာ ပထမအကြိမ်စွပ်စွဲခံရတာမျိုးမဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း သူတို့စုံတွဲဟာ သြစတြေးလျနိုင်ငံ၊ ကော့စ်ဆီယက်ဇ်ကိုတောင်ထိပ်ပေါ်ကို တက်ရောက်ခဲ့ကြတာနဲ့ ပတ်သက်ပြီးလည်း စွပ်စွဲခံခဲ့ရဖူးပါတယ်။