လက်ရွေးစင်ဘ၀မှ အနားယူတော့မည်ဟု စပိန်ဂိုးသမား ပြော

1.3K
စပိန်လက်ရွေးစင် ဂိုးသမား ကာဆီလက်က လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူတော့မယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ဂိုးသမားဟာ စပိန်အသင်း ယူရိုပြိုင်ပွဲကနေ ထွက်သွားရပေမယ့်လည်း ပါဝင်ကစားခွင့်မရဘဲ အရန်ထိုင်ခုံပေါ်မှာသာ အချိန်ကုန်ခဲ့ရပါတယ်။
နည်းပြ ဒယ်ဘောစကေးက ယူရိုပြိုင်ပွဲမှာ မန်ယူ ဂိုးသမား ဒီဂီယာကိုပဲ ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားပါတယ်။
ဒါကြောင့် ဂိုးသမား ကာဆီးလက်ဟာ ၁၆ နှစ်ကြာ လက်ရွေးစင် ကစားသမားဘ၀ကို အဆုံးသတ်ဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
သူဟာ စပိန်အသင်းနဲ့အတူ ၂၀၀၀ ပြည့်နှစ်မှာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ၁၆၇ ပွဲ ကစားပေးထားပါတယ်။
စပိန်ဂိုးသမား ကာဆီးလက်ဟာ လောလောဆယ် ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှာ ကစားနေပါတယ်။