A d v e r t i s e m e n t With Us

အင်္ဂလန်နည်းပြရာထူး စိတ်မ၀င်စားဟု ဆောက်ဂိတ် ပြော

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန် ယူ-၂၁ အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ်က အင်္ဂလန်အသင်း နည်းပြရာထူးကို စိတ်မ၀င်စားဘူလို့ ပြောဆိုလိုက်ပါတယ်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက နုတ်ထွက်သွားတဲ့ နည်းပြ ဟော့ဆန်ရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့တာပါ။ အသက် ၄၅ နှစ်အရွယ် ဆောက်ဂိတ်ကို အက်ဖ်အေက လာမယ့် စက်တင်ဘာ ၄ ရက်နေ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ ပြောဆိုခဲ့တာပါ။ နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန် ယူ-၂၁ အသင်းကို ၂၀၁၃ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပါတယ်။ အက်ဖ်အေက အင်္ဂလန်နည်းပြ ရာထူးအတွက် ကမ်းလှမ်းဖို့ စဉ်းစားတဲ့အထဲမှာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ပြင်သစ်ကလပ် ပီအက်စ်ဂျီ နည်းပြဟောင်း လောရန် ဘလန့်လည်း အင်္ဂလန်နည်းပြ ရာထူးအတွက် ရေပန်းစားတဲ့အထဲမှာ ပါဝင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up