A d v e r t i s e m e n t With Us

တရုတ်အမျိုးသမီးကို ၀ိုင်းရိုက်သည့်ရုပ်သံ လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက် (ရုပ်သံ)

အပေါ်ပိုင်းဗလာချွတ် အမျိုးသမီးတဦးကို ၀ိုင်းဝန်းရိုက်နှက်နေတဲ့ ရုပ်သံဖိုင်ဟာ တရုတ်လူမှုရေး ကွန်ရက် ဝေဘိုပေါ်မှာ အမျိုးမျိုး ဝေဖန်နေကြပါတယ်။ တရုတ်နိုင်ငံ ဘိုဇူးမှာ ဖြစ်ပွားခဲ့ပြီး ၀ိုင်းရိုက်ခံရတဲ့ အမျိုးသမီးဟာ အိမ်ထောင်ရေး ဖောက်ပြန်လို့ အမျိုးသမီး ၃ ဦးက ၀ိုင်းရိုက်ခဲ့တာလို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။ ဇွန် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို မျက်မြင်သက်သေတဦးက မှတ်တမ်းတင်ကာ အမျိုးသမီး ၃ ဦးက ဆဲဆိုရေရွတ်ဝိုင်းရိုက်နေတာကို အနီးနားမှာ လူ ၂၀ လောက်က ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ တစုံတရာ ဖော်ပြထားခဲ့ခြင်း မရှိပါဘူး။ ဒီရုပ်သံဖိုင်ကို ကြည့်ရှုသူအများစုက ရိုက်နှက်တဲ့ အမျိုးသမီး ၃ ဦးကို ဝေဖန် ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။ “မယားငယ်ဖြစ်နေတာဟာ  စာရိတ္တပိုင်းဆိုင်ရာ ပြဿနာဖြစ်ပေမယ့် လူတဦးကို ရိုက်ပြီး အ၀တ်အစားတွေကို ဆွဲဖြဲတာကတော့ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်” လို့ ဝေဘို အသုံးပြုသူ တဦးက ရေးပါတယ်။ တချို့ကလည်း ကိုယ့်ယောက်ျားကို ဆုံးမရမှာ ဖြစ်ပြီး တခြားသူကို သွားမရိုက်သင့်ဘူးလို့ မှတ်ချက်ရေးပါတယ်။ ဒီလိုရိုက်နှက်တာဟာ ထိုက်တန်တယ်လို့ မှတ်ချက်ရေးသားတာတွေလည်း ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဘေးကနေ ၀ိုင်းကြည့်နေတဲ့သူတွေကို ၀ိုင်းဝန်းအပြစ်တင်ကြ ဝေဖန်မှတ်ချက်ရေးသားတဲ့ သူတွေကလည်း အများအပြားရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up