အမေရိကန်သံတမန် ၄ ဦး သတ်ဖြတ်ခံရမှုတွင် ဟီလာရီ ကာကွယ်ရန် ပျက်ကွက်ခဲ့ဟုဆို

၂၀၁၂ ခုနှစ်က လစ်ဗျားနိုင်ငံမှာ အမေရိကန်သံအမတ်အပါအ၀င် သံတမန် ၄ ဦး သတ်ဖြတ်ခံရမှုမှာ အမေရိကန်စစ်တပ်၊ သမ္မတနဲ့ အဲ့ဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဟီလာရီကလင်တန်တို့ ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဇွန် ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စုံစမ်းရေးလွှတ်တော်အစီရင်စာက ဆိုပါတယ်။ အမေရိကန်သံတမန်တွေအတွက် လုံခြုံရေး လျော့ရဲမှု၊ တိုက်ခိုက်ခံရမှုကို တုံ့ပြန်တာမှာ နှေးကွေးခဲ့တယ်လို့ ဘန်ဂါဇီ အရေးအခင်းစုံစမ်းရေး လွှတ်တော်ကော်မတီက စွပ်စွဲကြပါတယ်။ အစီရင်ခံစာမှာ သမ္မတလောင်း ဟီလာရီရဲ့ လုပ်ဆောင်ချက်၊ လွဲမှားမှု အထောက်အထားသစ်တော့ မတွေ့ရဘူးလို့ ရီပတ်ပလစ်ကန်အမတ်တွေက ဆိုပါတယ်။ ဒီကိစ္စဟာ ဟီလာရီကလင်တန်ရဲ့ သမ္မတလောင်း မဲဆွယ်ကာလတလျှောက်လုံး အရိပ်မည်းတခုလိုဖြစ်ခဲ့တာပါ။ လစ်ဗျားနိုင်ငံအခြေစိုက် အိုင်အက်စ်အကြမ်းဖက်စစ်သွေးကြွတွေက အမေရိကန်သံတမန်နေအိမ်ဝန်းထဲ ၀င်ရောက်တိုက်ခိုက်ခဲ့မှုလည်းဖြစ်ပါတယ်။ ဟီလာရီကလန်တန်ကတော့ အဲ့ဒီကိစ္စအားလုံးအတွက် သူတာဝန်ယူတယ်လို့ ၂၀၁၃ ခုနှစ် လွှတ်တော်စုံစမ်းရေးကော်မတီရှေ့မှောက်မှာ တာဝန်ခံထားပါတယ်။ အမေရိကန် ပင်တဂွန်အရာရှိကြီးတွေကတော့ အဲ့ဒီအချိန်က လုံလောက်တဲ့ ထောက်လှမ်းရေးအချက်အလက်လည်း မရခဲ့သလို အဲ့ဒီတိုက်ခိုက်ခံရမှုကို တုံ့ပြန်ဖို့ လုံလောက်တဲ့ အရင်းအမြစ်လည်း မရှိခဲ့ဘူးလို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up