Home
မြန်မာသတင်း
ထီးခီးနယ်စပ်ဂိတ်အရေး ဇူလိုင် ၂ ရက် ဆွေးနွေးဆုံးဖြတ်မည်
နော်နိုရင်း
·
June 29, 2016
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဘိတ်/ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် အဓိက ၀င်ထွက်ရာ ပင်မဂိတ်စခန်းတခုဖြစ်သော ထီးခီးဂိတ်ကို ဖယ်ရှားပေးဖို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့က ကေအန်ယူ တပ်မဟာ ၄ တာဝန်ရှိသူတွေကို အခုလ ၂၃ ရက်နေ့က စာရေး တောင်းဆိုခဲ့ပါတယ်။ မေတ္တာမြို့ ထီးခီးနယ်စပ်ကုန်သွယ်ရေးအနီးမှာ ကေအန်ယူတပ်မဟာတလေးက ပွင့်ထားတဲ့ တရားမ၀င်ဂိတ်ကို အမြန်ဆုံး ပိတ်သိမ်းဖယ်ရှားဖို့ စာရေးအကြောင်းကြားခဲ့ပါတယ်။ ဒီဖယ်ရှားခိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကေအန်ယူတပ်မဟာ ၄ အနေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင် နေပြီး လာမယ့် ဇူလိုင်လ ၂ ရက်နေ ထားဝယ်မြို့မှာ ပြုလုပ်မယ့် အစည်းအဝေး အတွင်း ဆုံးဖြတ် ထုတ်ပြန်သွားမယ်လို့ ကေအန်ယူ တပ်မဟာ ၄ ဘိတ်ထားဝယ်ခရိုင်မှူး ပဒိုစောဘီးလယ်က ပြောပါတယ်။ “လောလောဆယ် ကျနော်အတိအကျ မဖြေနိုင်သေးပါဘူး။ ဇူလိုင်လ ၂ ရက်နေ့ကျမှ JMC အစည်းအဝေးလုပ်မယ်။ ပြီးမှ ထုတ်ပြန်ကြေညာချက်နဲ့ ထုတ်ပြန်ပြောဆိုသွားမယ်။” လတ်တလောမှာတော့ ထီးခီးနယ်စပ်ဂိတ်ဟာ ပုံမှန်အတိုင်း ရှိနေပြီး၊ ပုံမှန်ကုန်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပဒိုစောဘီးလယ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အေကန်ယူဆီ အစာရေးအကြောင်းကြားထားတဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မည်သူမှ ဒီကိစ္စအပေါ် ပြန်လည်ဖြေကြား နိုင်ခြင်း မရှိပါ။ တပ်ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကတော့ ထီးခီးနယ်စပ်ဂိတ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်နေပြီး အဆင်ပြေပြေဖြစ်သွားလိမ့်မယ်လို့ မနေ့က ဒီဗွီဘီနဲ့ မေးမြန်စဉ်ပြောဆိုခဲ့ပါတယ်။ ထီးခီးစခန်းဟာ အရင်က ကေအန်ယူ တပ်မဟာ ၄ ဌာနချုပ်စစ်စခန်း အခြေစိုက်ရာ နေရာဖြစ်ပြီး  အဆိုပါ ထီးခီး-ပူနာရွန် နယ်စပ်ဂိတ်ကို ထိုင်း-မြန်မာအစိုးရက လွန်ခဲ့တဲ့ ၂၀၁၃ မေလက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024