သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံ (ဓာတ်ပုံ)
နေဖြိုးဝင်း
·
June 29, 2016
နိုင်တော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ဒီနေ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဟာ မြန်မာကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည်ကို ဇွန်လ ၂၉ ရက်ကနေ ၃၀ ရက်နေ့ အထိ ၂ ရက်တာ ခရီး ရောက်ရှိတာဖြစ်ပါတယ်။
သမ္မတနဲ့မတွေ့ခင် နိုင်ငံတော်၏အတိုင်ပင်ခံနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တည်တံ့ခိုင်မြဲရေး၊ နှစ်နိုင်ငံ ပြည်သူများရဲ့ ဘ၀တိုးတက်ဖွံ့ဖြိုးရေး ကိစ္စတွေပါ ဆွေးနွေးဖို့ရှိတယ်လို့ ဗိုလ်ချုပ်ခုန်းချိပ်ရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။