A d v e r t i s e m e n t With Us

ဘီလာရုစ်သမ္မတ အသံထွက်အမှားကြောင့် ကိုယ်တုံးလုံး ရုပ်သံနှင့်ပုံများ အင်တာနက်ပေါ်တင်

ဘီလာရုစ် သမ္မတ အလက်ဇန္ဒား လူကာရှင်ကို မိန့်ခွန်းပြောရာမှာ အသံထွက်မှားသွားလို့ နိုင်ငံသားတွေက အလုပ်မှာ ကိုယ်တုံးလုံး ရိုက်ယူထားတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အင်တာနက်ပေါ်တင်ခဲ့ပါတယ်။ မိန့်ခွန်းပြောနေစဉ် နည်းပညာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းကို ပြောဆိုရာမှာ လွဲမှားသွားလို့ နိုင်ငံသားတွေက အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၂၃ ရက်က ပြောတဲ့ မိန့်ခွန်းမှာ လူတွေ အ၀တ်မ၀တ်ဘဲ အလုပ်လုပ်သင့်တယ်လို့ သူက မှားယွင်း ပြောဆိုခဲ့မိပါတယ်။ လူတွေ သူတို့ကိုယ်သူတို့ တိုးတက်အောင် လုပ်ဆောင်သင့်တယ်လို့ သမ္မတက ပြောတာ ဖြစ်ပေမယ့် တိုးတက်အောင်လုပ်ဆောင်တယ်ဆိုတဲ့ ရုရှားအသံထွက်က အ၀တ်မ၀တ်နဲ့ ဆိုတဲ့နဲ့ အတော်ကို နီးစပ်လို့ ဒီအသံထွက် ဖြစ်သွားတာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံသားအတော်များများက လုပ်ငန်းခွင်မှာ ကိုယ်တုံးလုံးပုံတွေကို ရိုက်ယူပြီး အင်တာနက်ပေါ်ကို တင်ခဲ့တာ ဖြစ်ပါတယ်။ ဂီတအဖွဲ့တွေကလည်း ကိုယ်လုံးတီးပုံတွေနဲ့ သရုပ်ဆောင် ရိုက်ယူခဲ့ကြပါတယ်။ # သင်္ကေတနဲ့ အတူ ကိုယ်တုံးလုံးဝတ်ပြီး အလုပ်သွားကြပါစို့ဆိုတဲ့ စာသားနဲ့ အတူ ဓာတ်ပုံတွေကို အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ ဘီလာရုဒ်နိုင်ငံဟာ ရုရှား ယူကရန်း၊ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားတို့နဲ့ ထိစပ်နေတဲ့ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်။ ရုရှားက အဓိက ဘာသာစကားဖြစ်ပြီး ၇၂ ရာခိုင်နှုန်းက ပြောကြသလို  ရုံးသုံး ဘီလာရုဒ်ကတော့ ၁၂ ရာခိုင်နှုန်းလောက်ပဲ ပြောဆိုကြပါတယ်။ [gallery ids="156952,156953,156954,156955,156956,156957,156958,156959"]  

A d v e r t i s e m e n t With Us

More News
Up