A d v e r t i s e m e n t With Us

ကလေးတက္ကသိုလ်ဆရာများ အဝေးသင်စာမေးပွဲ အဖြေလွှာစစ်ခ ၁၅ နှစ်စာ မရသေး

ကလေးတက္ကသိုလ်က ဆရာတွေဟာ အဝေးသင်စာမေးပွဲ အဖြေလွှာစစ်ခတွေမရတာ ၁၅ နှစ်ရှိနေပြီဖြစ် ပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ စာစစ်ခတွေ မရခဲ့ကြတာလို့  ကလေးတက္ကသိုလ်၊ သမိုင်းဌာနရဲ့ တွဲဖက်ပါမောက္ခ ဒေါက်တာသိန်းဦးက  ပြောပါတယ်။ “၁၅ နှစ်စာ တွက်ကြည့်တော့ သမိုင်းဌာနတစ်ခုတည်းတင် ၂၅ သိန်းလောက် ရမယ်။ အဖြေလွှာတစ်အုပ်ကို ကျပ် ၃၀ နှုန်း သတ်မှတ်ထားတာပါ။ ကလေးတက္ကသိုလ်မှာ ဌာန ၁၂ ခုရှိပြီး အဝေးသင်ရှိတဲ့ဌာနတွေအားလုံး မရကြတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးတွေမှာ တင်ပြခဲ့ပေမယ့် အဆင်မပြေဘူးလို့ သူက ဆိုပါတယ်။ “စာစစ်ခတွေကို ဆရာ/ဆရာမတွေက မတောင်းလို့၊ ဘတ်ဂျက်မှာ စာစစ်ခတွေ ထည့်မဆွဲ ထားတာ၊ ပြီးတော့ ဘတ်ဂျက်တွေ ပိတ်သွားပြီလို့ စီမံဘဏ္ဍာဌာနက အကြောင်း ပြန်တယ်”လို့ သူက ဆက်ပြောပါတယ်။ လာမယ့်နှစ်မှာတော့ ဖြည့်စွက် ဘတ်ဂျက်ရေးဆွဲပေး မယ်ပြောပေမယ့် မရခဲ့ ၁၅ နှစ်စာကတော့ မရနိုင်ဘူး”လို့လည်း ဒေါက်တာ သိန်းဦးက ပြောပါတယ်။ ပုံမှန်ဆိုရင်တော့ အဖြေလွှာတွေစစ်ဆေးပြီး လေး ငါးလလောက်အကြာမှာ စစ်ခတွေ ရရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up