A d v e r t i s e m e n t With Us

ကုန်တင် ရထား ၂ စီး တိုက်မိ၊ ရထားမောင်းသမား ၃ ဦး ပျောက်ဆုံး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်မှာ ကုန်တင်ရထား ၂ စီး တိုက်မိလို့ ရထားမောင်း သမား ၃ ဦး ပျောက်ဆုံးနေပါတယ်။ ဇွန် ၂၈ ရက်က ရထား ၂ စီး ခေါင်းချင်းဆုံ တိုက်မိခဲ့ပြီး မီးလောင်မှုတွေ ဖြစ်ပွားခဲ့သလို လူတဦးလည်း ဒဏ်ရာရရှိသွားပါတယ်။ ရထား ၂ စီး တိုက်မိစဉ် ခုန်ဆင်းလို့ ဒဏ်ရာရရှိသွားတဲ့သူကို ဆေးရုံ တင်ပို့ခဲ့တယ်လို့လည်း သတင်းတွေမှာ ရေးပါတယ်။ ရထားတိုက်မိလို့ မီးလောင်တဲ့အတွက် မြက်ခင်းတွေ မီးလောင်ခဲ့လို့ အနီးနားက အိမ်က လူတွေလည်း ရွှေ့ပြောင်းခဲ့ရပါတယ်။ ရထား ကုမ္ပဏီကတော့ ရထားလမ်းပေါ်က လုံခြုံရေး နည်းပညာသစ် အသုံးပြုထားတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up