A d v e r t i s e m e n t With Us

ထိုင်းကာကွယ်ရေးဝန်ကြီးနှင့်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်

ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်း (ဓာတ်ပုံ - manager online)
ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်းနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက  ထုတ်ပြန် ပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဟာ မြန်မာကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည် ကို  ဇွန်လ ၂၉ ရက်ကနေ  ၃၀ ရက်နေ့ အထိ သွားရောက်မှာဖြစ်ပြီး နေပြည်တော်မှာ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို တွေ့ဆုံဂါရ၀ပြုကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊  ၂ နိုင်ငံ လုံခြုံရေးနဲ့ စစ်တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ခုန်းချိပ် တန့်တ၀ါးနစ်က  သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သမ္မတ ဦးထင်ကျော်ကိုပါ သွားရောက်တွေ့ဆုံ ဂါရ၀ပြုမှာဖြစ်ပါတယ်။ သမ္မတနဲ့မတွေ့ခင် နိုင်ငံတော်၏အတိုင်ပင်ခံနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တည်တံ့ခိုင်မြဲရေး၊ နှစ်နိုင်ငံပြည်သူများရဲ့ ဘ၀တိုးတက်ဖွံ့ဖြိုးရေး ကိစ္စတွေပါ ဆွေးနွေးဖို့ရှိတယ်လို့  ဗိုလ်ချုပ်ခုန်းချိပ်ရဲ့အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up