A d v e r t i s e m e n t With Us

တရုတ်တွင် ထုတ်လုပ်သည့် ပထမဆုံး ခရီးသည်တင်လေယာဉ် စတင်ပျံသန်း

ဓာတ်ပုံ - ရိုက်တာ
တရုတ်ပြည်တွင်းမှာ ပထမဆုံးထုတ်လုပ်တဲ့ ခရီးသည်တင်လေယာဉ်ရဲ့ ပထမဆုံး ပြည်တွင်းခရီးစဉ်ကို ဇွန် ၂၈ ရက်က စတင်ပျံသန်းခဲ့ပါတယ်။ ခရီးသည် အယောက် ၇၀ နဲ့ ချန်ဒူမြို့ကနေ ရှန်ဟိုင်းမြို့ကို ပျံသန်းခဲ့ပြီး နိုင်ငံပိုင် ခရီးသည်တင်လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ (COMAC) ရဲ့ အောင်မြင်တဲ့ သမိုင်းမှတ်တိုင်သစ် ဖြစ်လာပါတယ်။ ခရီးသည်တင်လေယာဉ် ARJ21 မှာ ခရီးသည် အယောက် ၉၀ အထိစီးနိုင်ပြီး ဘရာဇီးနိုင်ငံက အင်ဘရေယာ အက်စ်အေ (Embraer SA) လေယာဉ်ကုမ္ပဏီနဲ့ ကနေဒါက ဘွန်ဘာဒီယာ (Bombardier) လေယာဉ်ကုမ္ပဏီတို့နဲ့ အဓိက ယှဉ်ပြိုင်မှာပါ။ စိချွမ်းပြည်နယ်၊ ချန်ဒူးလေကြောင်းလိုင်း ခရီးစဉ်အဖြစ်နဲ့ ဇွန် ၂၈ ရက်က ပထမဆုံး တရားဝင်ပျံသန်းခဲ့ပြီး ရှန်ဟိုင်းမြို့အထိ ၂ နာရီ ၁၂ မိနစ် ကြာမြင့်ပါတယ်။ ဒီခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ တရုတ်အဆင့်မြင့် စက်မှုလုပ်ငန်း ဥက္ကဋ္ဌက ဒီမော်ဒယ်သစ်ကို အခြေခံပြီး အနာဂတ် တရုတ်ခရီးသည်တင်လေယာဉ်တွေကို အဆင်မြင့်မြင့် ဆက်လက်ထုတ်လုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်တွေမှာ ယှဉ်ပြိုင်သွားမယ်လို့ ပြောဆိုပါတယ်။ ဒီလေယာဉ်ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုက ဘိုးရင်းနဲ့ ဥရောပက အဲဘတ်စ် ကုမ္ပဏီကြီးတွေကို အတွေ့အကြုံအရရော၊ ဒီဇိုင်းနဲ့ အင်ဂျင်နီယာ နည်းပညာတွေမှာပါ မယှဉ်နိုင်သေးပါဘူး။ ဒီလေယာဉ်ဟာလည်းပဲ နည်းပညာပိုင်း ပြဿနာတွေ ခဏခဏတက်နေခဲ့လို့ နဂိုသတ်မှတ်ထားတဲ့ အချိန်ထက် နှစ်အတော်ကြာ နောက်ကျပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကမှ တရုတ်လေကြောင်း အာဏာပိုင်အဖွဲ့က တရားဝင် ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up