A d v e r t i s e m e n t With Us

ဆီဗီလာနည်းပြဟောင်း အမ်မရီကို ပီအက်စ်ဂျီနည်းပြအဖြစ် ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက နည်းပြသစ်အဖြစ် အူနိုင်း အမ်မရီကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။ ပီအက်စ်ဂျီက အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြဟောင်း လောရင့် ဘလန့်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့အတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နည်းပြရာထူးကို လက်ခံတာလို့ နည်းပြသစ်ဖြစ်လာတဲ့ အမ်မရီက ပြောပါတယ်။ အသက် ၄၄ နှစ်အရွယ် စပိန်နိုင်ငံသား အမ်မရီဟာ လာလီဂါကလပ် ဆီဗီလာအသင်းမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ သူဟာ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ထားပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူး၊ ပြင်သစ်ဖလားနဲ့ လိဂ်ဖလား ၃ ခုစလုံးကို ဒုတိယအကြိမ်မြောက်အဖြစ် ရယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up