မသန်စွမ်းကလေးများ တန်းတူပညာသင်ကြားခွင့်ရရေး လွှတ်ေတာ်ကိုယ်စားလှယ်များထံ တင်ပြ
DVB
·
June 29, 2016
အများနည်းတူ မသန်စွမ်းကလေးတွေ တန်းတူပညာသင်ကြားခွင့်ရရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေထံ တင်ပြဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားနားက ဓမ္မစေတီလမ်းရှိ M3 စားသောက်ဆိုင်မှာ ဇွန် ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ လက်ရှိ မသန်စွမ်းဘဝနဲ့ ပညာသင်ကြားနေတဲ့ကလေးတွေက ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မသန်းစွမ်းအဖွဲ့အစည်းတွေနဲ့ မသန်စွမ်းကျောင်းသားကျောင်းသူတွေက လွှတ်တော်ကိုယ်စားလှယ်တွေထံ တင်ပြခဲ့ကြပါတယ်။
လက်ရှိမှာ မသန်စွမ်းကလေးတွေကို ပညာသင်ကြားခွင့် လက်မခံတဲ့ကျောင်းတွေရှိနေသလို မသန်စွမ်းတွေအတွက် သွားလာရေးအဆင်ပြေအောင် လုပ်ပေးထားတဲ့ကျောင်းတွေမရှိတာနဲ့ မသန်စွမ်းကလေးတွေအတွက် စာမေးပွဲမှာ အချိန်မလုံလောက်တာတွေရှိနေတဲ့အတွက် စာမေးပွဲ စနစ်နဲ့ပညာ သင်ကြားရေး ပုံစံတွေ ပြောင်းလဲပေးဖို့ လိုအပ်နေတဲ့အကြောင်း မသန်စွမ်းကျောင်းသားတွေက တင်ပြခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ဧဒင်မသန်စွမ်းကလေးများ ပြုစုရာရိပ်မြုံ ၊ မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့၊ ISchool-Myanmar နဲ့ မသန်စွမ်း SHG အဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ် ၆ ဦး တက်ရောက်ခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မေသင်္ကြန်