အင်္ဂလန်အသင်း နည်းပြအဖြစ် ဆောက်ဂိတ်ကို ကမ်းလှမ်း

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က လစ်လပ်သွားတဲ့ အင်္ဂလန်အသင်းနည်းပြ ရာထူးနေရာမှာ ယာယီအဖြစ် ဂါရတ် ဆောက်ဂိတ်ကို ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အင်္ဂလန်အသင်း ရှုံးထွက်အဆင့်ကနေ ထွက်သွားတဲ့အတွက်  နည်းပြ ဟော့ဆန် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အက်ဖ်အေ တာဝန်ရှိသူတွေက ယာယီနည်းပြအဖြစ် အင်္ဂလန် ယူ-၂၁ အသင်းရဲ့ နည်းပြ ဆောက်ဂိတ်ကို တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ နည်းပြ ဆောက်ဂိတ်က လက်ခံရင်တော့ အင်္ဂလန်အသင်းကို လာမယ့် စက်တင်ဘာလထဲမှာ ဆလိုက်ဗက်ကီးယားနဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တာဝန်ယူ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကလည်း အင်္ဂလန်အသင်း နည်းပြရာထူးကို စိတ်ဝင်စားကြောင်း ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up