A d v e r t i s e m e n t With Us

ဆီနီဂေါတိုက်စစ်မှူး မာနီကို ပေါင် ၃၄ သန်းဖြင့် လီဗာပူးအသင်း ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
လီဗာပူးအသင်းက ဆီနီဂေါ တိုက်စစ်မှူး မာနီကို  ဆောက်သမ်တန်အသင်းကနေ ပေါင် ၃၄ သန်းပေးပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် မာနီဟာ လီဗာပူးက တတိယမြောက် ခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးဟာ စာချုပ်အရ ပေါင် ၃၆ သန်းအထိ မြင့်တက်သွားဖွယ် ရှိနေပါတယ်။ အခုကြေးဟာ လီဗာပူးကနေ ခေါ်ယူတဲ့ ကစားသမားတွေထဲမှာ ဈေးနှုန်း အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူး မာနီဟာ ဆောက်သမ်တန်အသင်းအတွက် ကစားပေးတဲ့ ၆၇ ပွဲမှာ ၂၁ ဂိုး သွင်းယူထားပါတယ်။ လီဗာပူးအသင်း နည်းပြ ဂျာဂန် ကလော့ကတော့ မာနီရဲ့ ခြေစွမ်းကို ၂၀၁၂ အိုလံပစ်ပြိုင်ပွဲမှာကတည်းက သတိထားမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up