တူရကီလေဆိပ် ဗုံးပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး လူ ၃၆ ဦး သေဆုံး (ရုပ်သံ)

1.3K
တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်လေဆိပ်မှာ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းက အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၃၆ ဦးသေဆုံးကာ ၁၅၇ ဦး ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ တူရကီဝန်ကြီးချုပ်က ပြောပါတယ်။
အက်တာတာ့ခ်လေဆိပ်အ၀င် အပေါက်ဝမှာ ဗုံးခွဲသမား ၃ ဦးက အသေခံ ဖောက်ခွဲခဲ့တာပါ။
လေဆိပ်ကို လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အသေခံ ဗုံးကွဲသမားကို တိုက်ခိုက်မှု မလုပ်ခင်မှာ ပစ်ခတ်တားဆီးမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီနောက်မှာ အကြမ်းဖက်သမားတွေက အသေခံဗုံး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။
မျက်မြင်သက်သေတယောက်ကတော့ ရဲနဲ့ အကြမ်းဖက်သမားတွေ အပြန်အလှန် ပစ်ခတ်ကြပြီးတဲ့နောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အစ္စတန်ဘူလေဆိပ်ကို အကြမ်းဖက် တိုက်ခိုက်တာနဲ့ ပတ်သက်လို့ လောလောဆယ်မှာ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ဗုံးဖောက်ခွဲသူ ၃ ဦးစလုံးဟာလည်း သေဆုံးသွားခဲ့ကြတယ်လို့ အစ္စတန်ဘူလ်မြို့တော်ဝန် ဗာဆစ်ပ်ဆာဟင်က ပြောပါတယ်။