မလေးရှား ဘားဆိုင် ဗုံးဖြင့်တိုက်ခိုက်ခံရ၊ ၈ ဦးဒဏ်ရာရ (ရုပ်သံ)

1.8K
မလေးရှားနိုင်ငံက ဘားဆိုင်တခုကို ဗုံးနဲ့တိုက်ခိုက်ခံရတဲ့အတွက် တရုတ်နိုင်ငံသား အပါအ၀င် လူ ၈ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဇွန် ၂၈ ရက် မနက်အစောပိုင်းက ကွာလာလမ်ပူမြို့တော်ရဲ့ ဆင်ခြေဖုံး ပူချောင်က Movida ဘားမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ မလေးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
တိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန်မှာ စားသုံးသူတွေက ယူရို ၂၀၁၆ ပြိုင်ပွဲကို ၀င်ရောက် ကြည့်ရှုနေတာ ဖြစ်ပါတယ်။
ဆလန်ဂေါပြည်နယ် လက်ထောက် ရဲတပ်ဖွဲ့အကြီးအကဲကတော့ စီးပွားရေးပြိုင်ဘက် ကလဲ့စားချေဖို့ ဒါမှမဟုတ် တယောက်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ပြောဆိုပြီး စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်ကလည်း ကွာလာလမ်ပူက ဘားတခုမှာ ဗုံးပေါက်ကွဲခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။