A d v e r t i s e m e n t With Us

ပျောက်ဆုံး ထိုင်းရဟတ်ယာဉ် တွေ့ရှိ၊ လေယာဉ်ပေါ်ပါသူအားလုံး သေဆုံး

ဓာတ်ပုံ - thairath
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ရေဒါစက်ကွင်းထဲကနေ ပျောက်ဆုံးသွားခဲ့တဲ့ ထိုင်း လေတပ်ပိုင် ဟယ်လီကော်ပတာတစ်စင်းနဲ့ လေယာဉ်ပေါ် ပါသူတွေအားလုံးကို ပြန်လည် တွေ့ရှိပြီလို့ ထိုင်းအာဏာပိုင်တွေရဲ့ အပြောကိုကိုးကားပြီး သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။ ပျက်စီးနေတဲ့ ရဟတ်ယာဉ်အပိုင်းအစနဲ့ လေယာဉ်ပေါ် ပါလာသူ ၀န်ထမ်း ၃ ဦးရဲ့အလောင်းကို ဒီကနေ့ မနက် ၁၀ နာရီ ၂၃ မိနစ်အချိန်က လယောင်းမြို့နယ် ဆက်သွယ်ရေးနဲ့ကြေးနန်းရုံးနဲ့ မီတာ ၅၀၀ အကွာ၊ ချမော်တောင်မှာ ပြန်ရှာတွေ့တယ်လို့  ထိုင်းလေကြောင်းဆက်သွယ်ရေးနဲ့ ကြေးနန်းရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဆွတ်ထိဖုန်းအင်ဆီယန်က သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ သေဆုံးသူ ၃ ဦးမှာ လေတပ်ဗိုလ်မှူးအဆင့်ရှိ ရဟတ်ယာဉ်မောင်းသူ တဦး၊ ဗိုလ်ကြီးအဆင့်ရှိ လေယာဉ်မောင်းအကူနဲ့ ဗိုလ်ကြီးအဆင့် စက်ပြင်ဆရာတဦးတို့ ဖြစ်ပြီး သူတို့ရုပ်အလောင်းတွေ ကို သက်ဆိုင်ရာမိဘဆွေမျိုးဆီ အပ်နှံဖို့ ဒီကနေ့အပြီးသယ်ထုတ်နိုင်မယ်လို့ ခန့်မှန်းကြောင်း ညွှန်ကြားရေးမှူးက ဆက်ပြောပါတယ်။ အဆိုပါ ဟယ်လီကော်ပတာဟာ လုပ်ပူရီခရိုင် ခုတ်ကရထိမ်းလေ ဆိပ်မှ လယောင်းခရိုင် ချမော်တောင်ပေါ် ရေဒါစခန်းအတွက် ပုံမှန်စားနပ်ရိက္ခာ ပို့ဆောင်ဖို့အသွား ပျက်ကျခဲ့တာဖြစ် ပါတယ်။ လေယာဉ်ပျက်ရတဲ့အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းလေတပ် အာဏာပိုင်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up