တုတ်၊ ဓားများဖြင့် တိုက်ခိုက်ခဲ့သည့် အမေရိကန်က ဆန္ဒပြပွဲ (ရုပ်သံ)

983
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက စခရန်မန်တိုမှာ ဆန္ဒပြတဲ့ အဖွဲ့ ၂ ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး တုတ်တွေ၊ ဓားတွေနဲ့ တိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဇွန် ၂၆ ရက်က လူဖြူ လူမျိုးကြီးဝါဒီသမားတွေနဲ့ ဆန့်ကျင်ဘက်အဖွဲ့တို့ ထိတွေ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လူ ၅ ဦးကို အနီးကဆေးရုံဆီ အလျှင်အမြန် တင်ပို့ခဲ့ရသလို တချို့ကတော့ ဓားထိုးတဲ့ဒဏ်ရာ အပြင်းအထန် ရထားတယ်လို့ မီးသတ်ဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
လောလောဆယ် တစုံတဦးကိုမှ ဖမ်းဆီးထားခြင်း မရှိသေးဘူးလို့လည်း မီးသတ်ဌာနက ပြောပါတယ်။
စခရန်မန်တို ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြတဲ့အချိန် မြို့ပေါ် နေရာတချို့က လမ်းတွေကို ပိတ်လိုက်သလို ဒီနေရာကို အရာရှိတချို့ ရောက်သွားပြီလို့ တွစ်တာမှာ ရေးပါတယ်။
ဒေသခံ တီဗွီမှာတော့ ပြည်နယ်လွှတ်တော် အဆောက်အဦအနီးမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
နာဇီလက်သစ်အုပ်စုက ဒီနေရာမှာ လှည့်လည် ဆန္ဒပြဖို့ စီစဉ်ခဲ့သလို ဒီအုပ်စုကို ဆန့်ကျင်တဲ့ အဖွဲ့ကလည်း ဒီနေရာမှာ ဆန္ဒပြဖို့ လုပ်ဆောင်ခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။