A d v e r t i s e m e n t With Us

တရုတ် အဝေးပြေးလမ်းတွင် ဘတ်စ်ကား မီးလောင်၊ ခရီးသည် ၃၅ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက ဟူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ဘတ်စ်ကားမီးလောင်မှုဖြစ်ပြီး ခရီးသည် ၃၅ ဦး သေဆုံးခဲ့ပါတယ်။ ခရီးသည် ၅၇ ဦးနဲ့ တောင်ပိုင်းက ကွမ်တုန်ပြည်နယ်ကိုအသွား အဝေးပြေးလမ်းမှာ မီးလောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုမဖြစ်ခင် ကားလမ်းဘေး၊ အရံအတားတွေကို အကြိမ်ကြိမ်တိုက်ခဲ့ပြီး ဆီယိုဖိတ်မှုကနေ မီးလောင်ကျွမ်းတယ်လို့လည်း ကယ်ဆယ်ရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။ အဝေးပြေးလမ်းမှာ ဖြတ်သွားတဲ့ ဒေသခံ အလုပ်သမားတွေက ဘတ်စ်ကား ပြတင်းမှန်တွေကို ဖျက်ပြီး အထဲက ခရီးသည်တွေကို ကယ်တင်ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒေသခံ လုံခြုံရေးအာဏာပိုင်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်ပွားတဲ့ နေရာကို အမြန်ဆုံး သွားရောက်ပြီး ခရီးသည်ကယ်ဆယ်ရေးကို ဆောင်ရွက်ခဲ့ကြတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောဆိုပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းရင်း အသေးစိတ်ကိုလည်း အာဏာပိုင်တွေ စတင်စုံစမ်း စစ်ဆေးနေပြီလို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up