A d v e r t i s e m e n t With Us

ပနားမားတူးမြောင်း ချဲ့ထွင်ရေးစီမံကိန်း ပြီးစီး၊ တရုတ်သင်္ဘော ပထမဆုံး ဖြတ်သန်း

ဓာတ်ပုံ - ရိုက်တာ
ပနားမားတူးမြောင်းချဲ့ထွင်ရေး စီမံကိန်း ပြီးစီးသွားပြီဖြစ်လို့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး တရုတ်ကုန်တင်သင်္ဘောကြီးတစင်းက ပထမဆုံး ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာဘက်ကနေ ပစိဖိတ်သမုဒ္ဒရာဘက်ကို ဖြတ်သန်းခုတ်မောင်းခဲ့ပြီး ဖွင့်ပွဲအခမ်းအနား တက်ရောက်သူတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက် ကြိုဆိုခဲ့ကြပါတယ်။ ပနားမားသမ္မတက ဒီ တူးမြောင်းချဲ့ထွင်ရေး စီမံကိန်းတွေကို ၂၀၀၇ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပြီးစီးရမှာပါ။ ဒါပေမယ့် အလုပ်သမား သပိတ်မှောက်မှုတွေ၊ ကုန်ကျစရိတ် အငြင်းပွားမှုတွေ ဖြစ်ခဲ့တာကြောင့် သတ်မှတ်ရက်ထက် ၂ နှစ်နောက်ကျပြီးမှ ဖွင့်လှစ်နိုင်တာပါ။ ၁၉၁၄ ခုနှစ်မှာ အမေရိကန် အင်ဂျင်နီယာတွေ ဖောက်လုပ်ခဲ့တဲ့ တူးမြောင်းဟာ အခုခေတ် ကုန်တင်သင်္ဘောတွေ မဖြတ်သန်းနိုင်တော့တာကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အကုန်အကျခံ ချဲ့ထွင်ခဲ့တာပါ။ အခုလို တူးမြောင်းကို ချဲ့ထွင်လိုက်လို့ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိမယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း နီဂါရာဂွာနိုင်ငံမှာ ပနားမားတူးမြောင်းနဲ့အပြိုင် တူးမြောင်းသစ်ကို ဖောက်လုပ်နေပါတယ်။ ပနားမားတူးမြောင်းထက် ပိုရှည်၊ ပိုကျယ်၊ ပိုနက်မှာဖြစ်ပြီး တရုတ်ကုမ္ပဏီတခုက တည်ဆောက်နေတာပါ။ အဲဒီအပြိုင်တူးမြောင်းကို ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကုန်ကျမယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up