A d v e r t i s e m e n t With Us

ခန္ဓာကိုယ်ကို မြွေတကောင်ကဲ့သို့ တွန့်လိမ်ချိုးပြနိုင်သည့် အံ့ဖွယ်ကလေးငယ် (ဓာတ်ပုံ)

အိန္ဒိယနိုင်ငံမှ အသက် ၁၃ နှစ်အရွယ် အက်ဒစ်ရာဟာ ခန္ဓာကိုယ်ကို မြွေတကောင်လို တွန့်လိမ်ချိုးပြနိုင်တဲ့ အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ သူဟာ မဟာရက်ခ်ျထရာပြည်နယ်၊ ရတနာဂီရိဒေသအနီးက ရွာတရွာမှာ နေထိုင်နေတာဖြစ်ပြီး သူ့ရဲ့စွမ်းရည်တွေကြောင့် မြွေထီးကလေးလို့ နာမည်ပြောင်နဲ့ ရေပန်းစားနေတာပါ။ ခုလိုဖြစ်လာဖို့ သူဟာ ယောဂကျင့်စဉ်ကို ၈ နှစ်လောက် လေ့ကျင့်ခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သူဟာ ခန္ဓာကိုယ်ကို ပုံစံအမျိုးမျိုးနဲ့ တွန့်လိမ်ခေါက်ချိုးပြနိုင်ပြီး ခြေထောက်နဲ့ သွားပွတ်တံကို ညှပ်ကိုင်ကာ သွားတိုက်နိုင်တဲ့အထိကို လုပ်ပြနိုင်သူပါ။ ဒါပေမယ့် အက်ဒစ်ရာကတော့ သူ့ရဲ့အိပ်မက်တွေကို ခုထက်ပိုကောင်းမွန်လာဖို့ မျှော်လင့်နေပြီး တနေ့မှာ သူ့နာမည်ကို ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

A d v e r t i s e m e n t With Us

More News
Up