Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ်လက်နက်ကိုင် ၈ ဖွဲ့ စတင်တွေ့ဆုံ
DVB
·
June 28, 2016
13558710_1092961710766348_8843918340869449982_o
13558710_1092961710766348_8843918340869449982_o
13516232_1042047052537873_4700314254697197613_n
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် အန်စီအေ  လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင် တွေ   ဒီနေ့ မနက်ပိုင်းမှာ Horizon Lake View Resort ဟိုတယ်မှာ တွေ့ဆုံဆွေးနွေး နေပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ နေပြည်တော်မှာ အန်စီအေ လက်မှတ်ထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင် ၈ ဦးနဲ့ ပထမဆုံးအကြိမ် နိုင်ငံတော်အကြီးအကဲနဲ့ စတင်တွေ့ဆုံတာပါ။ ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရင်းနှီးမှု၊ ယုံကြည်မှုရရှိဖို့ ကိုသာ အဓိကထားမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ စုပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ဟာ လာမယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် ပေါ်လစီကိုက်လိုင်းတွေပေးဖို့ စုဖွဲ့ထား တာဖြစ်ပြီး အဖွဲ့ ၈ ဖွဲ့ရဲ့ ခေါင်းဆောင် တဦးစီအားလုံး ၈ ဦးပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ပွဲမှာ PPST အနေနဲ့ တွေ့ဆုံတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ အပစ်မရပ်သေးတဲ့ လက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုကြောင်း ပြီးခဲ့တဲ့ လဆန်းပိုင်းကလည်းက စာရေးပေး ပို့ထားပြီး ဘယ်နေ့တွေ့ဆုံမလဲဆိုတာကို မသိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024